ထိုင်းနိုင်ငံတွင်လူကုန်ကူးခံရသူများအားလွှဲပြောင်းလက်ခံခြင်း

မွန်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၃၁     

ထိုင်းနိုင်ငံတွင်လူကုန်ကူးခံရသောမြန်မာနိုင်ငံသားအမျိုးသား(၆)ဦး၊အမျိုးသားကလေး(၃)ဦးနှင့်အမျိုးသမီး(၂)ဦးစုစုပေါင်း(၁၁)ဦးကိုမြဝတီမြို့တွင် လွှဲပြောင်းလက်ခံခြင်းကို(၃၁.၁၀.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါလွှဲပြောင်းလက်ခံခြင်းကိုမွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဦးကိုကိုနိုင်နှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေလင်း၊မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ၊UNICEF ၊ IOMနှင့်World Vision မှတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

FacebookTwitter