၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး၊အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားအား(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင်ပဲခူးမြို့၊မြို့တော် ခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မသန်စွမ်းသူများအား အကူအညီပေးနေသည့် INGO အဖွဲ့များ၊ စုစုပေါင်း အင်အား(၃၀၀)ဦး တက် ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားခြင်း၊ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် သဝဏ်လွှာအားပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတိုင်းဒေသကြီးဦးစီးမှူးမှ ဖတ်ကြားခြင်း၊ ၂၀၁၇ ခုနှစ်၊အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ၏ အကြို လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာစီစာကုံးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သူများအား ဆုချီးမြှင့်ခြင်း၊သံစဉ်ပန်း မသန်စွမ်း အနုပညာအဖွဲ့မှ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter