အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၅

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို၂ဝ၁၇ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့၊နံနက်(၁ဝးဝဝ)နာရီတွင်ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်ရှိသူငယ်တော်ယေဇူးမသန်စွမ်းနှင့်မိဘမဲ့ဂေဟာ၌ကျင်းပခဲ့သည်။ထို့နောက်ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်မှဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုပြုံးနှင့် Morning Star ဥာဏ်ရည်မသန်စွမ်းအသင်းအဖွဲ့၊ ဥက္ကဌ ဒေါ်သန်းနွယ်အောင်မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပါသည်။

ရှေးဦးစွာ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာ ၊ Morning Star ဥာဏ်ရည်မသန်စွမ်းကျောင်း ၊ မသန်စွမ်းကလေးငယ်များ ကျောင်းသား၊ကျောင်သူများက ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများယှဉ်ပြိုင်ခြင်း၊ ရှမ်းပြည်နယ်အခြေခံပညာကျောင်းမှ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် သူငယ်တော်ယေဇူးမသန်စွမ်းနှင့်မိဘမဲ့ဂေဟာမှ ဘက်စုံထူးချွန် မသန်စွမ်းကလေးများအား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းရွှေရွှေမြင့်နှင့် တာဝန်ရှိသူတို့က တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ကြပါသည်။

FacebookTwitter