သေချာသောအကျိုးအမြတ်ရရှိမည့် ရင်းနှီးမြှုပ်နှံအဖြစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးပူးပေါင်းဆောင်ရွက်ရန် ပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၇၊ဒီဇင်ဘာ ၂၆          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်လွှတ်တော်ကိုယ်စား လှယ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ(၂၄.၁၂.၂၀၁၇)ရက်နေ့၊နံနက် ပိုင်းကပဲခူးတိုင်း ဒေသကြီးကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကပြည်သူများ၏ဆန္ဒနှင့်လိုအပ်ချက်များကိုလွှတ်တော်ကိုယ်စားလှယ်များ၏လွှတ်တော်အတွင်းအဆိုပြု တင်ပြချက်များ၊ဝန်ကြီးဌာနများသို့တိုက်ရိုက်အသိပေးညှိနှိုင်းမှုများကိုသက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးဌာနများကအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ပြည်သူ့အစိုးရအနေဖြင့်ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများကိုလိုက်နာလျက် ကျင့်ဝတ်များကိုလည်းထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ရပါကြောင်း၊အစိုးရလွှတ်တော်ပူးပေါင်းဆောင်ရွက်မှုအပြင်ပြည်သူများ၏ပါဝင်မှုကဏ္ဍ သည်အဓိကဖြစ်ပါကြောင်း၊ပြည်သူများသည်နိုင်ငံတော်၏အဓိကရည်မှန်းချက်ဖြစ်သည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်သို့သွားနေသည် ကိုသိရှိရန်လိုကြောင်း၊သို့မှသာပြည်သူများသည်အစိုးရနှင့်လိုက်ပါဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ဒီမိုကရေစ်ီဆိုသည်မှာပြည်သူကအုပ်ချုပ်သည့် စနစ်ဖြစ်ပြီး ပြည်သူ၏လိုအပ်ချက်ကိုအစိုးရကအကောင်အထည်ဖော် ပေးရခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်ကိုတင်ပြနိုင်ရေးအတွက် ပြည်သူများအသိဥာဏ်၊ဗဟုသုတရှိရန်လိုကြောင်း၊မိမိတို့နိုင်ငံတွင်မတူကွဲပြားမှုများများပြားပါကြောင်း၊မတူကွဲပြားမှုများကိုအင်အားအဖြစ်ပေါင်း စပ်ပြီးတူညီသည့်ပန်းတိုင်းတစ်ခုကိုချီတက်ရန် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ဖိနှိပ်ထိုးနှက်မှုကိုမိမိတို့ ကြုံတွေ့နေရပါကြောင်း၊ အဆိုပါအခက်အခဲကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်မည် ဖြစ်ရာ ပြည်ထောင်စုစီမံကိန်းဖြစ်သည့် UEHRD ကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဤ ပြည်ထောင်စုစီမံကိန်းသည် ပြည်သူနှင့်အစိုးရလက်တွဲ၍ အခက်အခဲ ပြဿနာများဖြေရှင်းနိုင်ခြင်းကိုသက်သေပြရန် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နေက်ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာတွင်ယနေ့လာရောက်ခြင်းသည်လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်တွင်ဆွေးနွေး ခဲ့သည့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် ရှေှးုဦးအရွယ်ကလေးသူငယ်နှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုသည် သေချာသောအကျိုးအမြတ်ရရှိနိုင်မည့်ရင်းနှီးမြှုပ်မှုဖြစ်ကြောင်း၊ကမ္ဘာ့နိုင်ငံများအဖွဲ့အစည်းများ၏သုတေသနပြုချက်များအရရှေးဦးအရွယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည်နိုင်ငံအတွက်အဆများစွာအကျိုးအမြတ်ရရှိလာသည်ကိုလေ့လာတွေ့ရှိခဲ့ကြကြောင်း၊တွင်းထွက်သယံဇာတပေါကြွယ်ဝသောလည်းဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးနိုင်ငံများအဖြစ် ရောက်ရှိနေသော နိုင်ငံများစွာရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်လူသားသယံဇာတသည် အရေးကြီးကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် စင်္ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူသာအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေးဦးအရွယ်ကစ၍ အတွေးအခေါ်၊ အယူအဆ၊ ထုံးတမ်းစဉ်လာ၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံမှုနှင့် သဘောထားခံယူချက်တို့ကိုနည်းစနစ်ကျကျ ပြုစုပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ ပဋိသန္ဓေတည်စမှ မွေးပြီး (၈)နှစ်အထိသည် ရှေးဦးအရွယ်ဖြစ်ပါကြောင်း၊ ကလေး၏ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်တွင်နှောင့်နှေးမှုရှိခြင်းသည် ဖွံ့ဖြိုးမှုကိုနောက်ကျစေကြောင်း၊ လူသားအစပထမရက်ပေါင်းတစ်ထောင်ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အထွဋ်အထိပ် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ပြုစုပျိုးထောင်ရေးတွင် မိခင်များသည်အဓိကအရေးကြီးပါကြောင်း၊မိမိတို့အနေဖြင့်ရှေးဦးအရွယ်ကလေးသူငယ်များကိုစောင့်ကြပ်ကြည့်ရှုခြင်းနှင့်တိုင်းတာစစ်ဆေးခြင်း စနစ်ကိုလည်းဖော်ဆောင်လျက်ရှိပါကြောင်း၊သို့မှသာပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းကိုစောစီးစွာသိရှိပြီး ပြုပြင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ်များကို ပြုစုစောင့်ရှောက်၇န်မူကြိုကျောင်းလက်လှမ်းမမီသောကလေးများအတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးသည်အရေးကြီးကြောင်း၊လိုအပ်သည့်နည်းပညာငွေကြေးအကူအညီများထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ရေရှည်အောင်မြင်ရေးအတွက်ပြည်သူများ၊လူမှုအဖွဲ့အစည်းများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပါသည်။

          ယင်းနောက်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးကမိခင်ဝိုင်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီးဒေသခံပြည်သူများ၊ရပ်မိရပ်ဖများ၊လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့နောက်မိခင်ဝိုင်းဖွင့်လှစ်ပေးမည့်ကျေးရွာ(၅)ရွာအတွက်ပထမသုံးလစာထောက်ပံ့ငွေကျပ်(၃၉၁၅၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပြီးရေရှည်တည်တံ့ရန် ဆက်လက်ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်းသိရပါသည်။ဆက်လက်၍ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးကဒေသခံပြည်သူများကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားကာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးများအားကစားစရာအရုပ်များပေးအပ်ခဲ့ပါ သည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားရှိသည့် နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Good Neighbours  International က ဆောက်လုပ်လှူဒါန်းသည့် ကလေးတစ်ရာဦးဆံ့၆၀ပေx၄၀ပေRCC(၁)ထပ်၊ဖဒိုမြို့ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအဆောက်အဦကိုသွားရောက်ကြည့်ရှုပြီးမူကြိုကျောင်းဖွင့်လှစ်ရေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ၆၀ပေ x ၆၀ပေ x  ၂၉ပေ RCC (၂)ထပ် ဘက်စုံသုံးအဆောက်အဦဆောက်လုပ်ပြီးစီးမှုကိုသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူသွားရောက်ကြည့်ရှုခဲ့ပါသည်။

       

FacebookTwitter