ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့၊ စည်ပင်သာယာရေးခန်းမ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ်တွင် မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၇၊ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်တွင်မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးရှင်းလင်းဆွေးနွေးပွဲကို(၂၄.၁၂.၂၀၁၇)ရက်၊တနင်္ဂနွေနေ့၊နံနက်(၁၀:၀၀) နာရီချိန်တွင်ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့၊စည်ပင်သာယာရေးခန်းမတွင်ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဖွင့်လှစ်မည့် မိခင်ဝိုင်း (၅)ဝိုင်းမှ ကလေး နှင့်  မိခင်များ စုစုပေါင်း(၃၀၀)ဦး တက်ရောက် ခဲ့ကြပါသည်။

FacebookTwitter