ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို UEHRD စီမံကိန်း၏ ရည်ရွယ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue (CHD) အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေး

 နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၁၀

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား(၉.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် Centre for Humanitarian Dialogue (CHD) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper က အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

          တွေ့ဆုံရာတွင်Mr.AdamCooperကရခိုင်ပြည်နယ်ရှိအခြေအနေမှန်ကိုသိမြင်နားလည်ပြီးနိုင်ငံတော်အစိုးရကUEHRDပြည်ထောင်စုစီမံ ကိန်းဖြင့်ပြန်လည်လက်ခံရေး၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊အခြေခံအဆောက် အဦများ တည်ဆောက်နေမှုနှင့် တိုးတက်မှုများအား အသိအမှတ် ပြုပါကြောင်း၊ ၄င်းတို့အဖွဲ့အနေဖြင့် အစိုးရအဖွဲ့အစည်း အသီးသီးအား လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ ဘာသာစုံ၊ လူမျိုးစုံပါဝင်သောလူငယ်များအား  မတူကွဲပြားသော လူ့အဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို လေ့လာနိုင်စေရန် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေး ခရီးစဉ် စီစဉ်ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအတွက် အလားတူ အစီအစဉ်များ စီစဉ်ပေးလို ပါကြောင်း၊ ရခိုင်ပြည်နယ်လွှတ်တော်အတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သက်ဆိုင်ရာပညာရှင် များ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲအား စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ရလာဒ်အား ပေးပို့ပေးမည်ဖြစ်ပါကြောင်း၊ပြည်ထောင်စုဝန်ကြီး၏ အကြံဥာဏ်၊လမ်းညွှန်ချက် နှင့် အဆိုပြုချက်များအား ဝမ်းမြောက်စွာလက်ခံကြိုဆို၍ အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအဆိုပြုအစီအစဉ်အား ဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အတွက်UEHRDပြည်ထောင်စုစီမံကိန်းဖြင့်အဓိကရည်ရွယ်ချက်(၃)ခု အား အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ရခိုင် ပြည်နယ်တွင် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးလျက်ရှိသော စေတနာ့ ဝန်ထမ်းလူငယ် အစီအစဉ်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ပါဝင်ကူညီနေသော လူငယ်များ အတွက် စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းနှင့် ပြည်ပလေ့လာရေးအစီအစဉ်များ စီစဉ် ပေးရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အတွင်းရေးမှူး ရုံးအား ဝန်ကြီးဌာနတွင် တည်ထောင်ထားပြီး UEHRDနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းများအတွက် ညှိနှိုင်း အကောင်အထည်ဖော်မှု၊ ဦးစားပေးလုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်နေမှု၊ ကော်မတီအတွက် အကြံပေးအဖွဲ့အား ပြည်တွင်း၊ ပြည်ပမှပညာရှင်များ ဖြင့် ဖွဲ့စည်းထားပြီး မကြာမီ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားရှိမှုတို့ကို ဆွေးနွေးကြပြီး Centre for Humanitarian Dialogue (CHD) အဖွဲ့၏ UEHRD အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် အဆိုပြုချက်များအား အသေးစိတ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter