ပြည်သူများသို့ Help Line ဝန်ဆောင်မှုပေးခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ငယ်မုဒိမ်းမှုအပါအဝင် Gender Based Violence Case (GBV Case) များနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရေး Help Line တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၂၂ နှင့် ၀၆၇-၃၄၀၄၉၉၉ ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တည်ထောင်ထား ရှိပါသည်။ အဆိုပါ Help Line သို့ ကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူ ပြည်သူများမှလည်းကောင်း ယုံကြည်စိတ်ချစွာတိုင်ကြားနိုင်ပြီး တိုင်ကြားသူများ၏သတင်း အချက်အလက်မပေါက်ကြားရေးကို အထူးအလေးထားကာကွယ်ပေးကာ တိုင်ကြားမှု များအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

တိုင်ကြားလာမှုများအား စနစ်တကျတုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမှုဝန် ထမ်းဦးစီးဌာနမှ စနစ်တကျလေ့ကျင့်သင်ကြားပေးထားသည့် Case Manager များအား ခန့်အပ်ထားရှိကာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Case Manager များသည် အကြမ်းဖက်ခံရသူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏ လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည် ပြန်လည်မြှင့်တင်ပေးရေးဆိုင်ရာ လိုအပ်သည့်အကူအညီများကိုအဓိက ထား လုပ်ဆောင်ပေးလျက်ရှိပါသည်။