အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) - NSPAW

စတုတ္ထအကြိမ်  ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း ၁၉၉၅)ကို တက်ရောက်ပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်‌ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် CEDAW၊ ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

    အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို အဓိကလုပ်ငန်းနယ်ပယ် (၁၂)ရပ်ဖြင့် ရေးဆွဲဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ - 

  (၁) အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု

  (၂) အမျိုးသမီးများနှင့် ပညာရေး၊ လေ့ကျင့်သင်ကြားရေး

  (၃) အမျိုးသမီးများနှင့် ကျန်းမာရေး

  (၄) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု

  (၅) အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများ

  (၆) အမျိုးသမီးများနှင့် စီးပွားရေး

  (၇) အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်ရေး

  (၈) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ

  (၉) အမျိုးသမီးများနှင့် လူ့အခွင့်အရေး

  (၁၀) အမျိုးသမီးများနှင့် မီဒီယာ

  (၁၁) အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်

  (၁၂) အမျိုးသမီးငယ်ရွယ်များ စသည်တို့ဖြစ်ကြပါသည်။

၂၀၁၆ခုနှစ်တွင် ပြင်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် လေ့လာဆန်းစစ်ချက် (NSPAW mapping)ကို ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ‌တွေ့ရှိချက်များအရ မဟာဗျူဟာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နိုင်ငံရေးနှင့် စီးပွားရေးတွင် အမျိုးသမီးများပါဝင်မှုဆိုင်ရာနည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးများ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကဏ္ဍစုံတွင် ကျား၊မရေးရာ ထည့်သွင်း ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ဆိုသည့် နည်းပညာလုပ်ငန်းအဖွဲ့ (၄)ဖွဲ့အား ဖွဲ့စည်းထားရှိပြီး နှစ်အလိုက်လုပ်ငန်းစီမံချက်များရေးဆွဲကာ လုပ်ငန်းများအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့် ကာလအတွက် Operational Plan(၂၀၂၀-၂၀၂၂) ကို နည်းပညာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ မှ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ Operational Plan တွင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး အသိပညာပေးအစီအစဉ်များနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် မူဝါဒများချမှတ်နိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

အမျိုးသမီးများနှင့် မိန်းကလေး ငယ်များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး အတွက် National Referral Mechanism အားကောင်းလာစေရန်၊ POVAW Law နှင့် တခြားသော ကျား၊မအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ဉပဒေများ ရေးဆွဲရန်၊ OSWSC နှင့်  Help Line စသည့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ၊ အသိပညာပေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်နိုင်စေရေးအတွက် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ အားကောင်းလာစေရန်၊ အမျိုးသမီးများစီးပွားရေးလုပ်ငန်းလုပ်ရာတွင် ငွေကြေး အကူအညီများ လက်လှမ်းမီစေရန် စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

ကဏ္ဍစုံတွင် ကျား၊ မ ရေးရာထည့်သွင်း ဆောင်ရွက်ခြင်းအတွက် Gender Responsive Budgeting အကောင်အထည်ဖော်နိုင်ရေးအတွက် Gender Analysis ပြုလုပ်ခြင်း၊ သင်တန်းများ ပေးခြင်း၊ မီဒီယာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ကျား၊မရေးရာအား ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲထားပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ 

Beijing Declaration and Platform for Action (BPFA) ၏ လုပ်ငန်းနယ်ပယ် (၁၂) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများနှင့် တိုးတက်မှုများအပေါ် ဒေသတွင်းနိုင်ငံအားလုံးက ဘက်ပေါင်းစုံပါဝင်သည့် နိုင်ငံအဆင့် လေ့လာသုံးသပ်ချက်များ ပြုလုပ်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW ၂၀၁၃-၂၀၂၂) ပါ လုပ်ငန်းဧရိယာ (၁၂)ရပ်၏ (၂၀၁၄-၂၀၁၉) ခုနှစ်အတွင်း (၅)နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို စုစည်း၍ နိုင်ငံအဆင့် အစီရင်ခံစာကို UNESCAP သို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် တင်သွင်းခဲ့ပြီးဖြစ်ပါသည်။