ပဲခူးတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြီးစီးခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၃.၁၀.၂၀၁၇ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေး အား (၂၀.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီချိန်တွင် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပဲခူးခရိုင်နှင့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပဲခူးမြို့နယ် တွင် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသည့် NGOs အဖွဲ့များ တက်ရောက်ခဲ့ကြပါ သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး တစ်ရပ်အဖြစ် နိုင်ငံတော်က မတူကွဲပြားမှုများကို သဟဇာတဖြစ်စေရေး ကြိုးပမ်းမှု မြှင့်တင်ဆောင်ရွက်မည်

၂၂-၁၀-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မတူကွဲပြားမှုများကို သဟဇာတဖြစ်စေရန် အတွက် မည်သို့မည်ပုံ စီမံခန့်ခွဲမည်ကို မိမိတို့နိုင်ငံတွင် ဆောင်ရွက်နေမှု အတွေ့အကြုံများအပေါ် အခြေခံ၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ “Diversity Management in the Age of Globalization” ဖိုရမ်တစ်ရပ်ကို နေပြည်တော်တွင် ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ယနေ့ နေ့လည်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Union Enterprise For Humanitarian Assistance Resettlement and Development in Rakhine (UEHRD) စီမံကိန်းနှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်၊ ၂၁-၁၀-၂၀၁၇ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)လုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်

အောက်တိုဘာလ (၂၀)ရက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကော်မတီတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊စက်မှုလက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီဝင် ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှုင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖော်ထုတ် နိုင်ရေးအတွက် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ (ခိုင်ပြည်စိုး) အထည်ချုပ်စက်ရုံ စတင် ဖွင့်လှစ်သည့်အခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး အထည်ချုပ်စက်ရုံထူထောင်သူ ဒေါ်စောသိင်္ဂီက ပြည်နယ်အစိုးရမှ ပံ့ပိုးမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးလုပ်ငန်းများ တိုးချဲ့ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ပါသည်။

ရွှေသံလွင်ဘိုးဘွားရိပ်သာသို့လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇။အောက်တိုဘာ ၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့တွင်ဖွင့်လှစ်လျက်ရှိသောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက် သူများသင်တန်း(CaregiverTraining)အပတ်စဉ်(၅)မှသင်တန်းသား/သင်တန်းသူများသညတာဝန်ရှိဝန်ထမ်းများလိုက်ပါ၍(၂၀.၁၀.၂၀၁၇)ရက်နေ့ တွင်ရန်ကုန်မြို့၊ရွှေသံလွင်ဘိုးဘွားရိပ်သာသို့လေ့လာရေးခရီးသွားရောက်ခဲ့ပြီး

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများသည်(၁၈.၁၀.၂၀၁၇)ရက်နေ့တွင်Terre de shomes (TdhL)အဖွဲ့အစည်းနှင့်တွေ့ဆုံ၍CRC dayကျင်းပရေးစီမံချက်နှင့်သင်တန်းသားများမိသားစုနှင့်ပြန်လည်ပေါင်းစည်းရေး

ညွှန်းပို့ခြင်းကွန်ယက်ချိတ်ဆက်သည့်ဆွေးနွေးပွဲကျင်းပခြင်း

မွန်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်YKBWAအဖွဲ့တို့ပူးပေါင်းကျင်းပသောညွှန်းပို့ခြင်းကွန်ယက်ချိတ်ဆက်သည့်ဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်အိမ်တွင်းမှုကျောင်း၊အစည်းအဝေးခန်းမ၌(၂၀.၁၀.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘွန်မြို့တွင် ကျင်းပပြုလုပ်သော (၅)ကြိမ် မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေး

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၂၀ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊လွန်ပရာဘွန်မြို့တွင်၂၀၁၇ခုနှစ်၊အောက်တိုဘာ(၁၉)ရက်နေ့တွင်ကျင်းပပြုလုပ်သော(၅)ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ဉာဏပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ၊အောက်တိုဘာ ၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊သုဝဏ္ဏမူလတန်းကြိုကျောင်း၊ရန်ကုန်မြို့၌(၁၉.၁၀.၂၀၁၇)ရက်နေ့တွင်မိဘဆရာအသင်းနှစ်ပတ်လည်နှင့်ဉာဏပြိုင်ပွဲဆုပေး ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။

သီလရှင်ကလေးများဘိုးဘွားရိပ်သာသို့လေ့လာရေးခရီးသွားရောက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇။အောက်တိုဘာ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့တွင်ဖွင့်လှစ်လျက်ရှိသောသက်ကြီးရွယ်အိုပြုစုစောင့်ရှောက် သူများသင်တန်း(CaregiverTraining)အပတ်စဉ်(၅)မှသင်တန်းသား/သင်တန်းသူများသညတာဝန်ရှိဝန်ထမ်းများလိုက်ပါ၍(၁၉.၁၀.၂၀၁၇)ရက်နေ့ တွင်ရန်ကုန်မြို့၊သီလရှင်ကလေးများဘိုးဘွားရိပ်သာသို့လေ့လာရေးခရီးသွားရောက်ခဲ့ပြီး