နေပြည်တော်၊ ဇန်နဝါရီ (၂၃) -
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ "ဓနုမြေဘိုးဘွားရိပ်သာ" ဖွင့်ပွဲ အခမ်း အနားအား ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် ဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဓနုတိုင်းရင်းသား/တိုင်းရင်းသူများ စုစုပေါင်းအင်အား (၅၀၀)ဦး တက်ရောက်ကြပါသည်။