နေပြည်တော်၊ ဇန်နဝါရီ ၂၂ -
(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောင်ပွဲရ မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အားကစားရွာ ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများသည် ရွှေတံဆိပ် ၃၄ခု ၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၆ ခု ရရှိခဲ့ကြောင်း။