ရန်ကုန်၊ စက်တင်ဘာ (၁၃) -

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် သည်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် ၉း၀၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၊ ဌာနများမှ ကျောင်းအုပ်၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။

နေပြည်တော်၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၃)ရက် -

          နေပြည်တော် ကောင်စီရုံးတွင် နေပြည်တော် ကောင်စီနယ်မြေ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေးမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန အသီးသီးက ကဏ္ဍအလိုက် ဒေသအလိုက် ရေတိုရေရှည် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များ ချမှတ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သင့်သည့် အချက်များကို ဆွေးနွေးဖော်ထုတ် ရမည့်ဒေသအဆင့် ဆွေးနွေးပွဲ ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်

၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အကြိုဂုဏ်ပြုဆောင်းပါး၊

သာလွန်ကောင်းမွန်သော ကမ္ဘာကြီးတစ်ခုအဖြစ် တည်ဆောက်ဖို့ လူငယ်ထုနှင့် လက်တွဲဆောင်ရွက်စို့

ရန်ကုန်။ ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၈)ရက် - ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ တွင် လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ လူငယ်သင်တန်းကျောင်း များနှင့် မသန်စွမ်း သင်တန်းကျောင်းများမှ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မောင်တော၊ ၁၅.၁၀.၂၀၁၈ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မောင်တောမြို့သို့ရောက်ရှိကြသည်။ ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ လူမှုအသိုက်အဝန်းများ နှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်။ ၂၀၁၂ခုနှစ် သြဂုတ်လ (၁၃)ရက် -

    လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ မရန်းကုန်းမြို့နယ် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် အမျိုုးသမီးသင်တန်း ကျောင်းများ၏ အရည်အသွေး တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပခဲ့ရာ ဦးစောဝင်း၊ ညွှန်ကြားရေးမှူး (ပြန်လည်ထူထောင်ရေးဌာနခွဲ)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ရန်ကုန်။    ၂၀၁၂ခုနှစ် သြဂုတ်လ (၁၅)ရက် -

လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်း ကျောင်းများမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား မသန်စွမ်းသူများ အခြေခံပညာ တတ်မြောက်စေရန် ၊ အသက်မွေး ဝမ်းကျောင်း ပညာများ တတ်မြောက်၍ ဝင်ငွေရလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် လူ့အသိုင်းအဝန်း အတွင်း ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရန် ရည်ရွယ်ချက်များဖြင့်  ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစောဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ် ၁၀.၈.၂၀၁၂ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ သတ္တမအကြိမ် မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ လေသာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် တာ်မူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစု ဝင်များတက်ရောက် ကြသည်။ အခမ်းအနားတွင် တက်ရောက်လာသူများက ပျဉ်မနားမြို့ လေသာကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။

နေပြည်တော်၊ ၂၀၁၂ ဇူလိုင်လ(၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် INGOs (၁၀)ဖွဲ့တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ INGOs (၁၀)ဖွဲ့တို့သည် ၉.၇.၂၀၁၂ရက်နေ့တွင် နေပြည်တော် ဟိုတယ်ဇုံရှိသင်္ဂဟဟိုတယ်တွင် နားလည်မှုစာချွန်လွှာMoUလက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

      အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးဘုန်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နေပြည်တော် ဇွန် ၂၅

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ လွတ်တော်ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNICEF (မြန်မာ) မှကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။