နေပြည်တော်၊ ဇန်န၀ါရီ ၁၉ -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မူကြိုကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။

နေပြည်တော်၊ ဇန်န၀ါရီ (၁၄) -

      မိမိတို့ ၀န်ကြီးဌာနသည် အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသင့်ရထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ ရွေးချယ်နိုင်ရေး အတွက် စည်းမျဉ်းနှင့် ကိုက်ညီသည့် လူမှုရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို  ရွေးချယ်ပေးကြရမည် ဖြစ်သည့်အတွက် အဖွဲ့ဝင်များ အနေဖြင့် ဖြည့်စွက်ပြင်ဆင် လိုသည်များနှင့် ကွင်းဆင်းဆောင်ရွက်မည့် ကိစ္စများကို ၀ိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ဒုတိယ ၀န်ကြီး ဒေါ်စုစုလှိုင်က ယနေ့ နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီ၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ ၁ -

                  အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC -2)၌ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံသည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို ဦးရေ လျင်မြန်စွာ တိုးပွားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ တွက်ချက်မှု ကိန်းဂဏန်းများ အရ မိမိတို့နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေစုစုပေါင်း၏ (၁၀)ရာခိုင်နှုန်း ခန့်သည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ လိုအပ်သည့် အခြေအနေတွင် ရှိနေပါကြောင်း၊ ထို့အတွက် သက်ကြီးရွယ်အို ဦးရေတိုးပွားလာမှုသည် ကြိုဆိုရမည့် ကိစ္စရပ် တစ်ခုဖြစ်သကဲ့သို့ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ကို လည်း အားလုံးသတိ ထားကြရမည် ဖြစ်ပါကြောင်း၊ မြန်နှုန်းမြင့် တိုးပွားနေသည့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် အောင်မြင်သော အိုမင်းမှုဖြစ်စဉ် နည်းလမ်းများကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ အလေးထားဆောင် ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

တောင်ကြီး၊ စက်တင်ဘာ ၂၇ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူမှုစောင့် ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ) ဆင့်ပွားသင်တန်း(၁၈/၂၀၁၄)သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ရုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင်အောင်ရီက သင်တန်းဆင်းအမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက သင်တန်းဆင်းလက်မှတ်များနှင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသားများအား ဆုများပေးအပ်သည်။

နေပြည်တော်၊ စက်တင်ဘာ ၂၇ -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်၍ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင်သန့်ရှင်း သာယာသပ်ရပ်မှု အခြေအနေ၊ ရာသီ သီးပင်စားပင်၊ ပန်းအလှပင်၊ အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ နေအိမ်ခန်းများ သန်ရှင်းမှုနှင့် ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ၊ ရေစီးရေလာကောင်မွန်မှု ရှိ/မရှိ အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ စက်တင်ဘာ(၂၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ (၂၀)ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မူလတန်းကြို ကျောင်း၌ ဦးစီးဌာနနှစ်ခုမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

နေပြည်တော်၊ စက်တင်ဘာ ၂၄ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၂၀ရက်တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၁၈/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းစုစုပေါင်း ၁၂၉၇ဖွဲ့အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစပြီး ထောက်ပံ့ကြေးငွေများကို ၃ ဒသမ ၁၃ဆတိုးမြှင့်၍ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၁၆၆သိန်းအား ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၄)မှ (၁၇/၂၀၁၄)ထိအား ကျေးရွာစုစုပေါင်း ၅၀၀ကျော်မှ လူငယ်မောင်မယ် စုစုပေါင်း ၁၈၀၀ ခန့်ကို နည်းပြသင်တန်းများ ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း နည်းပြသင်တန်းများနှင့် ဆင့်ပွား သင်တန်းများကို ဆက်လက် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၈ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၁၃ရက်တွင် မုံရွာမြို့ မြစန္ဒာခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်နှင့် စစ်ကိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၃ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၁၁ရက် နံနက် ၁၀နာရီက UN Women မှ Senior Advisior Gender Dr.Jean DCunha ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ အခန်းကဏ္ဍများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂အား အကောင်အထည်ဖော် ဆောင်ရွက်နေ သည့်အခြေအနေများ၊ UN Women နှင့် World Food Program တို့ပူးပေါင်း၍ ကျား/မ တန်းတူညီမျှရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၀ -

              ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီ(၂/၂၀၁၄)အစည်းအဝေးကို စက်တင်ဘာ ၁၀ရက် နံနက် ၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။