ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) ၊ နည်းဥပဒေ အသိပညာပေးကျင်းပ
၁၅.၈.၂၀၂၅ ရက်၊ နံနက် ၉း၃၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) ၊ နည်းဥပဒေအသိပညာပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များဆွေးနွေးမေးမြန်းခဲ့ကြပြီး ၎င်းအသိပညာပေးခြင်း အစီအစဉ်အား သင်တန်းသား/ သူ (၁၀၈)ဦး တို့ တက်ရောက်ခဲ့ပါသည်။