သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး

    ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ၂၈.၈.၂၀၂၅ ရက်တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။
   အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter