နေပြည်တော်၊ သြဂုတ် ၁၀.၈.၂၀၁၂ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၏ သတ္တမအကြိမ် မြောက် ၀န်ကြီးဌာန မိသားစု ၀ါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ လေသာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် တ်ာမူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ၀န်ထမ်းမိသားစု ၀င်များတက်ရောက် ကြသည်။ အခမ်းအနားတွင် တက်ရောက်လာသူများက ပျဉ်မနားမြို့ လေသာကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။

Nay Pyi Taw, June (27) -

     Union Minister for Social Welfare, Relief and Resettlement U AungKyi delivers an address at the ceremony to honour the real rights for the disabled related to promotion of implementation of UN Convention on the Rights of persons with Disabilities '' Inclusive education programme has brought education access to the children with disabilities. Children, who have completed special education and basic primary education from respective schools for the disabled, are now pursuing education at basic education middle, high schools and universities concerned shoulder to shoulder to ordinary children. Since 2006, the schools for the blind have got access to email and the internet and Myanmar sign language basic spoken book have been published for the deaf. Myanmar blind language written patterns book is also in the process will be taken to publish more books for the disabled ''. said Union Minister U AungKyi at the ceremony to honour the real rights for the disabled in connection with the promotion of the implementation of the United Nations Convention on Rights of Persons with Disabilities jointly held by the Ministry of Social Welfare, Relief and Resettlement and Asia- Pacific organization at Sky Palace Hotel in undertaking rehabilitation and development works for the disabled in cooperation with NGOs and UN agencies, and international organizations, INGOS and wellwishers.

နေပြည်တော်၊ ၂၀၁၂ ဇူလိုင်လ(၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် INGOs (၁၀)ဖွဲ့တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ INGOs (၁၀)ဖွဲ့တို့သည် ၉.၇.၂၀၁၂ရက်နေ့တွင် နေပြည်တော် ဟိုတယ်ဇုံရှိသင်္ဂဟဟိုတယ်တွင် နားလည်မှုစာချွန်လွှာMoUလက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

      အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီးဦးဘုန်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နေပြည်တော် ဇွန် ၂၅

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ လွတ်တော်ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNICEF (မြန်မာ) မှကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

      Inclusive Education ဆိုသည့် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်သည် အသန်စွမ်း ကလေးငယ်များ၏ အတန်းပညာသင်ကြားမှု အခွင့်အလမ်းကို ပွင့်လမ်းစေကြောင်း၊ မသန်စွမ်း ကျောင်း အသီးသီးက အထူးပညာရေးနှင့် အခြေခံမူလတန်းပညာပြီးမြောက်ခဲ့သည့် ကလေးငယ် များသည် သက်ဆိုင်ရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးတွင် သန်စွမ်းသော ကလေးများနှင့် ရင်ပေါင်တန်းပြီး သင်ကြားနေကြပြီဖြစ်ကြောင်း၊ ၂၀၀၆ခုနှစ်မှစပြီး မျက်မမြင်ကျောင်းများတွင် မျက်မမြင်သုံး e.mail, Internet များ တပ်ဆင်အသုံးပြုနေပြီ ဖြစ်သကဲ့ သို့  နားမကြားသူများအတွက် မြန်မာလက်သင်္ကေတပြအဘိဓာန်နှင့် မြန်မာလက်င်္ကေတပြဘာသာ စကား အခြေခံစကားပြောစာအုပ်များကိုလည်း ပြုစုထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ မကြာခင်တွင် မြန်မာ မျက်မမြင်စာရေးသားနည်းလက်စွဲစာအုပ်ကို ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ နောင် တွင်လည်း မသန်စွမ်းမှုဆိုင်ရာ စာအုပ်၊ စာပေများ ပိုမိုထုတ်ဝေဖြန့်ချီနိုင်အောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ ကောင်းကင်နန်းတော်ဟိုတယ်၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကြီးမှူးကျင်းပသည့် ကုသမဂ္ဂမသန်စွမ်းသူများဆိုင်ရာ သဘောတူညီချက် အကောင်အခထည်ဖော် ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်သက်ဆိုင်သည့် စစ်မှန်သော မသန်စွမ်းအခွင့်အရေးစွမ်းဆောင် ပေးဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ပူးပေါင်း၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များစီမံခန့်ခွဲမှုဆိုင်ရာအထောက်အကူပြု စီမံကိန်းအောက်ရှိနားမကြားသူများလူ့အသိုင်းအ၀န်းအတွင်းဝင်ဆန့်မှုမြှင့်တင်ရေးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။

အဆိုပါစီမံချက်၏အစိတ်အပိုင်းတစ်ခုအဖြစ် လူမှုဝန်ထမ်ဦးစီးဌာနညွှန်ကြားရေးမှုးချုပ်သည် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် (၂၅.၆.၂၀၁၂) မှ (၂၈.၆.၂၀၁၂) ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။

နေပြည်တော်၊ ဇွန်(၁၄)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား UNFPA မှ ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ (၁၄)ရက်နေ့ နံနက် လာရောက်တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနနှင့် UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကျား/မ တန်းတူညီမျှ ရှိရေးအတွက် အသိပညာပေးမှုများ၊