နေပြည်တော်၊ စက်တင်ဘာလ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့နံနက်(၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ဘဏ်မှ ပြုစုထုတ်ဝေ  ထားသည့် အမျိုးသမီး တန်းတူညီမျှ ဖြစ်မှုနှင့် ဖွံ့တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (2012) (Gender and Development Report 2012 by World Bank) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား သို့ တက်ရောက်ပြီး

နေပြည်တော်၊ စက်တင်ဘာလ(၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့စက်တင်ဘာလ(၅)ရက်နေ့မှ(၈)ရက်နေ့ထိသွားရောက်ခဲ့ပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၁၆) ရက် -

    အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ Enhancing of Women's of Empowerment Sector Working Group (EWE-SWG)၏ ပထမအကြိမ် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၀၈း၄၅) နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (1st Myanmar Development Cooperation Forum) မှ ထွက်ပေါ်လာသော နေပြည်တော် ကြေညာစာတမ်း (Nay Pyi Taw Accord) အရ လုပ်ငန်းအဖွဲ့ ၁၆ ဖွဲ့အနက် လူမှုအကာအကွယ် ပေးရေးနှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့တို့တွင် မိမိတို့ ၀န်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်လျက် ရှိပါကြောင်း။

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် သြဂုတ် ၁၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ အမျိုးသမီးများစောင့်ရှောက်ရေးဌာန(Center for Women Care-C.W.C)သို့ သွားရောက်၍ သင်တန်းသူများ၏ အိပ်ဆောင်များ၊ အသက်မွေးမှုပညာရပ်များ သင်ကြားလေ့ကျင့်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်ဆီမှ Director of Training Department Mr. Mattanya Cohen နှင့် အစ္စရေးသံအမတ်ကြီး H.E Mr. Hagay Moshe Behar တို့သည် ယမန်နေ့ နံနက်၁၁နာရီတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပြီး

နေပြည်တော်၊ သြဂုတ်လ(၁၄) -

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အကြို တံခွန်စိုက် ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို သြဂုတ် (၁၃) ရက် နံနက် (၁၀)နာရီက အဆိုပါ ၀န်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကြီးတွင် အောင်မြင်မှု ရရှိစေရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် အုပ်ချုပ်သူနည်းပြ များအနေဖြင့် ယခင်ကထက် ပိုပြီး အားကစားသမားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်ရေး ပိုင်းများတွင် ဂရုတစိုက် ဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် ကျန်ရှိနေသော ငါးလအတွင်းတွင် ရေကုန်ရေခန်း ကြိုးစားလေ့ကျင့်ပြီး ရွေှ့တံဆိပ်ဆုရရှိအောင် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်သူများ ဖြစ်အောင် ကြိုးစားကြရန်ဖြင့် မှာကြားသည်။

နေပြည်တော်၊ သြဂုတ်လ(၈) -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာရုံးမှ Ambassador Luis Cdebaca ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ နံနက် ၁၀း၀၀ နာရီတွင် အဆိုပါ ၀န်ကြီးရုံးမှ မေခလာခန်းမ၌ တွေ့ဆုံ၍ လူကုန်ကူးမှု ခံရခြင်းကြောင့်

နေပြည်တော်၊ ဇူလိုင်လ(၂၈)ရက် -

       နံနက် (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေး နှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

နေပြည်တော်၊ ဇူလိုင် (၂၇)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပံ္ပကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင် မှ တက်ရောက် အမှာစကား ပြောကြားရာတွင်   နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရအဖွဲ့သည်  ပြည်သူလူထု ဗဟိုပြုအစိုးရ   (People Centered Government ) ဖြစ်သဖြင့်  ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ၀န်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည့်‌ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ  ၀န်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄)  တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေများသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းများကို တောင်ပိုင်းခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊  ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ ကျောင်း/ဌာန အစဉ် တိုးတက်စေရန် ရရှိငွေများကို ဘဏ်မှာအပ်ထားပြီး အတိုး၊ အရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန အဌမအကြိမ်မြောက် ၀န်ကြီးဌာန မိသားစု ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။