ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား LIFT Fund အဖွဲ့က လာရောက်တွေ့ဆုံ

ဧပြီ ၂၄၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund - LIFT Fund) အား စီမံခန့်ခွဲလျက်ရှိသော UNOPS Myanmar မှ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Katy Webley ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာတွင် LIFT Fund က ဆောင်ရွက်မည့် (၂၀၁၉-၂၀၂၃) မဟာဗျူဟာနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် အစီအစဉ်များ၊ LIFT Fund အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အပါအဝင် သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် စနစ်တကျ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်ကဆောင်ရွက်နေမှုများနှင့် အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter

Recent News