ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၂.၅.၂၀၁၉
    ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ  (၂/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ၏ ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမြင့်သူ၊ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း နှင့်လုပ်ငန်းကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကုလသမဂ္ဂဘက်မှ အဆိုပြုထားသည့် ကလေးသူငယ်များအား သေကြေ ထိခိုက်ဒဏ်ရာရစေခြင်းနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း တို့အား အဆုံးသတ်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂) ရပ်နှင့်မူကြမ်း (၂) ခုတို့ကို ပူးပေါင်းပြီး မူကြမ်း (၁) ခုအဖြစ် ဆောင်ရွက်ထားရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များကိုလည်း ယခုလုပ်ငန်းစီမံချက် မူကြမ်းတွင် ဖြည့်စွက်ထည့်သွင်းထားပါကြောင်း၊ ထိုမူကြမ်း (၁)ခု အပေါ် ဖြည့်စွက် ဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ National Compliant Mechanism ထူထောင်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ယနေ့ဆွေးနွေးချက်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစီးသော ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။
    တတ်ရောက်လာကြသူများက လုပ်ငန်းစီမံချက် ရေးဆွဲရေးနှင့် ပတ်သတ်၍ Core Group ဖွဲ့စည်းကာ National Plan of Action (အမျိုးသားအဆင့်လုပ်ငန်းစီမံချက်) နှင့် National Compliant Mechanism အား အမြန်ရေးဆွဲပြီး လာမည့် ဇွန်လအတွင်း ပြုလုပ်မည့် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တင်ပြအတည်ပြုရယူ သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။

FacebookTwitter

Recent News