ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၇

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှ Director for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းအကြား ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် သုံးသပ်ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ()နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ် (MCCT) အတွက် ကမ္ဘာဘဏ်၏ အတိုးနှုန်းသက်သာချေးငွေနှင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေမှ ပူးပေါင်း ကျခံ၍ ဆောင်ရွက်မည့်စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် UEHRD တို့မှ ဆောင်ရွက်နေမှုအခြေအနေများ၊  နေရပ်စွန်ခွာသူများ နေထိုင်ရာစခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲအတည်ပြုနိုင်ရေး နောက်ဆုံးအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

FacebookTwitter

Recent News