နားမကြားသူများ လူ့အသိုင်းအ၀ိုင်း အတွင်း ၀င်ဆံ့နိုင်မှု မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ(၁)ရက် -

          နားမကြားသူများ ဒေသအလိုက် ကွဲပြားနေသည့် Sign Language များကို ဓါတ်ပုံမှတ်တမ်း၊ Video မှတ်တမ်းများ ပေါင်းစပ်ရယူပြီး ခွဲခြမ်းစိတ်ဖြာခြင်း၊ စံနှုန်းသတ်မှတ်ခြင်း၊ နားမကြားသူများနှင့် ဘာသာစကား၊ Sign Language သဒ္ဒါ ဖွဲ့စည်းပုံကို လေ့လာပြီး စာအုပ်ပြုစု ဖြန့်ချိခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (United Nation Convention  of the Rights for Persons with Disability - UNCRPD) ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လက်မှတ်ရေုးထိုးခဲ့ပြီး သဘောတူ စာချုပ်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ မသန်စွမ်း ဥပဒေ မူကြမ်းကို ရေးဆွဲပြီး သက်ဆိုင်ရာ ဥပဒေ ပြုခွင့်ရှိသည့် အထက် အဆင့်ဆင့်သို့ တင်ပြ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေး ဆောင်ရွက်ရာတွင် နားမကြားသူများလည်း အခြားမသန်စွမ်းသူများ နည်းတူ အခွင့်အရေး ရရှိခံစားနိုင်ပါရန် ဤသင်တန်း၏ ဆောင်ရွက်မှုများသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ မိမိတို့ ဌာနကလည်း JICA နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် အောင်မြင်မှုများကို ရေရှည်ဆောင်ရွက် နိုင်ရန် Sign Language ဘာသာပြန် အဆင့်အထိ မွေးထုတ်နိုင်ရန် ကြိုးစားဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပသည့် နားမကြားသူများလူ့အသိုင်းအ၀ိုင်းအတွင်း ၀င်ဆံ့နိုင်မှု မြှင့်တင်ရေး သင်တန်းဖွင့်ပွဲတွင် ပြောကြားသည်။ 

      ထို့နောက် JICA မြန်မာရုံးမှ Senior Chief Representative Mr. Kyosuke Inada က နှုတ်ခွန်းဆက် စကားပြောကြားသည်။

      သင်တန်းကို မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း၌ တစ်နှစ်ခွဲကြာ ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

FacebookTwitter

Recent News