ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်နှင့် အသက်(၉၀)နှစ်နှင့်‌(၁၀၀)နှစ်ကြား အဘိုး အဘွားများအား ထောက်ပံ့ငွေပေးအပ်

မြစ်ကြီးနား၊ ဇန်နဝါရီလ (၈) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈)ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့်‌အတူ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာ သို့သွားရောက်၍ ဝန်ကြီးဌာနမှ (၅၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းထားသည့်‌ သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရန်နေရာအဖြစ် အသုံးပြုရန် ငွေပျော်စံပြကျေးရွာ မူလတန်းကြိုကျောင်းကို ကြည့်‌ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

      ဇန်နဝါရီလ(၉)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ကချင်ပြည်နယ် အတွင်းရှိ ဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ၊ အသက် (၉၀)နှစ်နှင့်‌(၁၀၀)နှစ်ကြား အဘိုးအဘွားများနှင့်‌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတွင်းရှိ အသက် (၁၀၀)နှစ်နှင့်အထက် အဘိုး၊ အဘွား စုစုပေါင်း(၁၂၄၇)ဦး တို့ကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် အဘိုး၊ အဘွား (၁)ဦးလျှင် ချီးမြှင့်ငွေ(၂)သိန်းကျပ်စီဖြင့် စုစုပေါင်း (၂၄၉၄) သိန်းကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ယနေ့အချိန်ထိ ကောက်ယူ ရရှိထားတဲ့ အသက်(၉၀) နှစ်နှင့် (၁၀၀)နှစ်ကြား အဘိုး၊ အဘွားစုစုပေါင်း (၂၃၁၈၇) ဦးအတွက် တစ်ဦးလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၁၇၃.၆၆)သိန်းကို ဝန်ကြီးဌာနဘတ်ဂျက်မှ ထောက်ပံ့ပေးလျက် ရှိပါကြောင်းစသည်ဖြင့် အကျယ်တဝင့်ပြောကြားပါသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း ဘေးသင့်‌ပြည်သူများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဝန်ကြီးဌာန ဘတ်ဂျက်မှ (၄၀၀)သိန်းကျပ်၊ အလှူရှင်များမှ ဝန်ကြီးဌာနသို့ လှူဒါန်းငွေများမှ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တတိယအကြိမ် လွှဲပြောင်းပေးငွေ (၄၂၈.၃၄) သိန်းကျပ်၊ မြစ်ကြီးနားမြို့နယ်မှာ နေထိုင်တဲ့ အဘိုး ဦးဆငိုင်ဂမ်၊ အသက်(၁၀၆)နှစ်နှင့် မိုးမောက်မြို့နယ်မှာ နေထိုင်တဲ့ အဘိုးဦးဇော်ဒေါန် အသက်(၁၀၀)နှစ် တို့အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာ၊ ချီးမြှင့်ငွေ(၂)သိန်းကျပ်စီနှင့် အသုံးအဆောင်ပစ္စည်းများနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ချီးမြှင့်ငွေ (၁)သိန်းကျပ်စီ၊ အသက်(၉၀) နှစ်နှင့်(၁၀၀)နှစ်ကြား အဘိုးအဘွား(၁)ဦးလျှင် ဝန်ကြီးဌာနမှ (၁၈၀၀၀)ကျပ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၁၅၀၀၀)ကျပ် စုစုပေါင်း (၃၃၀၀၀)ကျပ်စီဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အဘိုးအဘွား (၉၆)ဦးအတွက်(၃၁.၆၈)သိန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ အဘိုးအဘွား(၈)ဦး အတွက်(၂.၆၄)သိန်း၊ တနိုင်းမြို့နယ်အတွင်းရှိ အဘိုးအဘွား (၄)ဦးအတွက် (၁.၃၂)သိန်း၊ မိုးညှင်းမြို့နယ်အတွင်းရှိ အဘိုးအဘွား (၅၁)ဦးအတွက် (၁၆.၈၃)သိန်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ အဘိုးအဘွား (၁၅)ဦးအတွက် (၄.၉၅)သိန်း၊ ဗန်းမော်မြို့နယ် အတွင်းရှိအဘိုးအဘွား (၅၃)ဦးအတွက် (၁၇.၄၉)သိန်း၊ မိုးမောက်မြို့နယ်အတွင်းရှိ အဘိုးအဘွား (၂၉)ဦးအတွက်(၉.၅၇)သိန်း၊ ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ အဘွား(၂) ဦးအတွက်(.၆၆)သိန်း တို့ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လွယ်ဂျယ်မြို့နယ် အတွင်းရှိ အဘိုးအဘွား(၃)ဦးအတွက်(.၉၉)သိန်း၊ မံစီမြို့နယ်အတွင်းရှိ အဘိုးအဘွား (၆)ဦး အတွက် (၁.၉၈)သိန်း၊ ရွှေကူမြို့နယ်အတွင်းရှိ အဘိုးအဘွား (၂၇)ဦးအတွက် (၈.၉၁)သိန်း၊ ပူတာအိုမြို့နယ်အတွင်းရှိ အဘိုးအဘွား (၂၄)ဦး အတွက်(၇.၉၂)သိန်း၊ မချမ်းဘောမြို့နယ်အတွင်းရှိ အဘိုးအဘွား(၅)ဦးအတွက် (၁.၆၅)သိန်း၊ နောင်မွန်မြို့နယ်အတွင်းရှိ အဘိုးအဘွား(၇)ဦးအတွက် (၂.၃၁) သိန်း၊ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ အဘွား(၂)ဦးအတွက် (.၆၆)သိန်း၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အဘိုးအဘွား(၈)ဦးအတွက် (၂.၆၄)သိန်းတို့ကိုလည်းကောင်း၊အမြဲတမ်းအတွင်းဝန်ဦးစိုးအောင်က မြစ်ကြီးနားခရိုင်အတွင်းရှိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၉)ခု၊ မျက်မမြင်ပရဟိတဂေဟာ(၁)ခုနှင့်‌ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၅)ကျောင်းအတွက်(၃၄၇.၃၉)သိန်း၊ ဗန်းမော်ခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၂)ခု၊ ဘိုးဘွား ရိပ်သာ(၁)ခုနှင့်‌ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၆)ကျောင်းအတွက် (၁၀၈.၉)သိန်း၊ မိုးညှင်းခရိုင် အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၁)ခုနှင့်‌ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၅)ကျောင်း အတွက်(၆၄.၉၉)သိန်းနှင့်‌ ပူတာအိုခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၄)ကျောင်းအတွက် (၂၄)သိန်းတို့ကိုလည်းကောင်း၊ အားလုံးစုစုပေါင်း (၁၄၉၁.၈၃)သိန်းကျပ်ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေး အပ်ပါသည်။

      ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြက်ခင်းပြင်၌ (၆၈)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက်အားပေးပါသည်။ ဆက်လက်ပြီး အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter

Recent News