လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ရေဘေးသင့် ဒေသများတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဆွေးနွေးဆောင်ရွက်မှုသတင်း

နေပြည်တော်၊ သြဂုတ် (၅) ရက် -

      မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုများကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းထက် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းက ပြည်သူကို ပိုမို၍ စနစ်တကျ တိုက်ရိုက်အကျိုးပြုနိုင်မှာဖြစ်ကြောင်း (၅.၈.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့်‌ ရေဘေးသင့်ပြည်သူများအား ယခင်ကဆန်ရိက္ခာ(၃)ရက်စာ ထောက်ပံ့ပေးလျက်ရှိရာမှ ယခုအခါတွင် ရေကျပြီး ပုံမှန်အခြေအနေ ရောက်သည်အထိ လိုအပ်မှုအရ ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများအနေဖြင့်‌လည်း မိမိတို့ပါဝင်ဆောင်ရွက်ပေးနိုင်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးများထံသို့ ဆက်သွယ်သတင်းအချက်အလက် ရယူ၍ လုပ်ငန်းများ စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကိုလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့်‌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ်ဆွေးနွေးဆောင်ရွက်ပါသည်။

      ယနေ့ဆွေးနွေးပွဲသို့ ရေဘေးသင့်တိုင်းဒေသကြီး(၅)ခုရှိ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ( ၄၃ )ဦး တက်ရောက်ခဲ့ပြီး ရေဘေးသင့်ဒေသများတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် ကျန်ရှိသည့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများမှလည်း လက်တလောရေကြီးမှုများနှင့်စပ်လျဉ်း၍ အောက်ပါတယ်လီဖုန်းနံပါတ်များနှင့် လူမှုကွန်ယက်စာမျက်နှာများမှတဆင့် သတင်းပေးပို့ဆက်သွယ် အကူအညီများ တောင်းခံနိုင်ပါကြောင်း သတင်းရရှိပါသည် -

    (၁) ဦးစဝီလီဖရန့်

        ညွှန်ကြားရေးမှူး

        စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

        ဖုန်း -၀၉၄၇၀၉၃၄၈၀၊၀၉-၄၂၈၃၃၅၆၁၇

    (၁) ဦးသိန်းဌေးအောင်

        ညွှန်ကြားရေးမှူး

        ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

        ဖုန်း -၀၉၄၃၀၅၄၂၆၁၊၀၉-၃၁၁၁၆၅၅၅

    (၁) ဦးမြင့်စိုး

         ညွှန်ကြားရေးမှူး

         မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

         ဖုန်း -၀၉၄၇၂၀၂၉၂၉၊၀၉-၅၆၈၀၄၆၅

     (၁) ဦးသန်းထွဋ်ဆွေ

          ညွှန်ကြားရေးမှူး

          မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

          ဖုန်း -၀၉၄၃၁၂၀၈၆၇၊၀၉-၉၇၀၀၆၄၆၆၀

      (၁) ဦးသန်းစိုး

          ညွှန်ကြားရေးမှူး

          ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

          ဖုန်း -၀၉၄၉၀၀၀၂၉၀၊၀၉-၂၅၀၁၂၃၈၈၅

          Hotlineး ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇

          Facebookး httpsး//www. Facebook.com/ Relief-and- Resettlement – Department-Myanmar-660230287445329/

          Websiteး httpsး//www.rrdmyanmar.gov.mm/

                                                                  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန

FacebookTwitter

Recent News