၂၀၂၂ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား

    ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနား၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင် ဗီဒီယိုကလစ်အားပြသခဲ့ပြီး မကွေးမြို့ အ.ထ.က (၄) မှ ကျောင်းသူလေးများက "ကြိုဆိုသော မနက်ဖြန်များ" သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ ၊ ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့တွင် အမှတ်အများဆုံးရရှိခဲ့သည့်ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိခဲ့သော အလေးမ အားကစားမယ်များနှင့် တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံး အမျိုးသမီးသွေးလှူရှင်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုလက်မှတ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးပါဝင်ခဲ့ကြသော အလှူရှင်အသင်းအဖွဲ့များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

FacebookTwitter