၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန အောက်ရှိ အကျဉ်း‌ထောင်/အချုပ်ထောင်များမှ အကျဉ်းသူ/အချုပ်သူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/အချုပ်ကျမိခင်နှင့်အတူပါသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးပေးအပ်မှုအခြေအနေ

 ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ထိန်းသိမ်းထားရှိသော အကျဉ်းသူ/ အချုပ်သူကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/ အချုပ်ကျ မိခင်နှင့်အတူပါလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ိ/-နှုန်းဖြင့် ချင်းပြည်နယ်မှအပ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၃)ခုရှိ စုစုပေါင်းအကျဉ်းသူ/ အချုပ်သူကိုယ်ဝန်ဆောင် အကျိုးခံစားခွင့်ရှိသူဦးရေ(၄၀)ဦး၊ အကျဉ်းသူ/အချုပ်သူ မိခင်နှင့်အတူပါလာသည့် အသက်(၂)နှစ်အောက်ကလေး(၁၇၄)ဦး၊ စုစုပေါင်း အကျိုးခံစားခွင့်ရှိသူဦးရေ(၂၁၄)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ၉,၆၃၀,၀၀၀ိ/- (ကျပ်ကိုးဆယ့် ခြောက်သိန်းသုံးသောင်း)တိတိအား ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

FacebookTwitter