ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဆောင်ရွက်နေမှုများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးရန်နှင့် ရှေ့လုပ်ငန်းစဉ်များအားချမှတ်ရန် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို (၉.၁.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
 

FacebookTwitter