ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် ကလေးသူငယ်များအားစနစ်တကျ ပြန်လည်အပ်နှံနိုင်ရေးနှင့် စိတ်လူမှုပံ့ပိုးမှုပေးနိုင်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများအနက်မှ နိင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄-၁-၂၀၂၄)ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၄ပါအမိန့်အရ မန္တလေးလူငယ်သင်တန်းကျောင်းတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၂)ဦးနှင့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ(၈)ဦးအား (၈-၁-၂၀၂၄)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူး နှင့် ကျောင်းအုပ်တို့ကစိစစ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး ပြန်လည်ပို့အပ်နိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း၊ ပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ကို တွေ့ဆုံရှင်းလင်းခြင်းနှင့် Psycho Social Support ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter