မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း (မန္တလေး)

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်/ သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများတွင် (၁၃.၂.၂၀၂၄) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် မန္တလေးကလေးပြုစုရေးဌာနမှ (၄၅)ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ (၃၇၀)ဦး၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ (၈၁)ဦး၊ အမှတ်(၂)မူလတန်းကြို‌ကျောင်း(မန္တလေး)မှ(၃၅၀)ဦး မြင်းခြံမူလတန်းကြိုကျောင်းနှင့် ရုံးစည်ကြီးမူလတန်းကြိုကျောင်းမှ(၂၀၀)ဦးနှင့် ရမည်းသင်းမူလတန်းကြိုကျောင်းမှကလေး (၈၀)ဦးတို့ဖြင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပခဲ့ပါသည်။

FacebookTwitter