မန္တလေး၊ ၁၈.၅.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစု စောင့်ရှောက်ထားသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများရှိ လူငယ်များနှင့် အမျိုးသမီးငယ်များအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသော လူမှုဝန်ထမ်းဦးစီးဌာန၏ စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇောတာရုံကျောင်းတိုက်၊ နှစ်(၁၅၀)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
မန္တလေး၊ ၁၈.၅.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသော အမှတ်စဉ် (၂/၂၀၁၉) မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။
နေပြည်တော်၊ ၁၇.၅.၂၀၁၉ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များ ဆိုင်ရာ သုတေသန လုပ်ငန်းအတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြေားကြားပါသည်။
နေပြည်တော်၊ ၁၅.၅.၂၀၁၉ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို
နေပြည်တော်၊ ၁၄-၅၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNOCHA မှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Ursula Mueller နှင့်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
နေပြည်တော်၊ ၉.၅.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌လာရောက် တွေ့ဆုံပါသည်။
ရန်ကုန်၊ ၉-၅-၂၀၁၉ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (Business Coalition Gender Equality Association -BCGEA) ၏ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှရှိရေး CEO Challenge နှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ဆောင်မှုအတွက် ရရှိမည့်စီးပွားရေးအကျိုးအမြတ်များဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအသိအမှတ်ပြုစံလက်မှတ် ချီမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ Wyndaham Grand Yangon Hotel ၌ ကျင်းပပြုရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
ရန်ကုန်၊ ၇-၅-၂၀၁၉ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့နှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ဆက်လက်ကျင်းပ ပါသည်။
ရန်ကုန် ၊ ၆.၅.၂၀၁၉ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ကို ရန်ကုန်မြို့၊ Park Royal Hotel ၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ၂ .၅.၂၀၁၉ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းများ၏အခွင့်အရေးနှင့် အကျုံးဝင်မှုမြှင့် တင်ခြင်းဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကို နေပြည်တော်၊ Grand Amara ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အမှာစကားပြောကြားပါသည်။