နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၁၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား(၉.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် Centre for Humanitarian Dialogue (CHD) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper က အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈၊ ဇန်န၀ါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ အသက်(၆) လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်သူများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၈.၁.၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း အမှတ်(၂)၊ပဲခူးမြို့၌ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ရန်ကုန်မြို့တွင်အပတ်စဉ် (၈/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားအား (၅.၁.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော် တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈ ၊ဇန်နဝါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရခိုင်ပြည်နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့ မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ် အကောင် အထည်ဖော်နိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်အားအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစီအစဉ် အကောင်အထည်ဖော်ရေးဆိုင်ရာ သင်တန်းအား ၂၀၁၈ခုနှစ် ၊ဇန်နဝါရီလ(၉)ရက်နေ့မှ(၁၀)ရက်နေ့ အထိနေပြည်တော် ၊မင်္ဂလာသီရိဟိုတယ် ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ်၊၂၀၁၈၊ဇန်န၀ါရီ ၉ (၈.၁.၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကရင်ပြည်နယ်မြိုင်ကြီးငူအထူးဒေသရှိ IDPCampများ တွင်နေထိုင်ကြသောအမျိုးသမီး (၄၁)ဦးအားအသက်မွေးဝမ်းကျောင်းပြုလုပ်သည့်ဂျက်ခုတ်လုပ်ငန်းတွင်အသုံးပြုရန်အတွက်ဘတ်ဂျက်ရန်ပုံငွေဖြင့်ထောက်ပံ့ပေးသောတစ်ဦးလျှင် (၃၀၀၀၀ိ/-) နှုန်းဖြင့် ချည်ငင်(၂၄၆) လုံးစာ ငွေကျပ် (၁၂၁၀၀၀၀ိ/-)(ကျပ်တစ်ဆယ့် နှစ်သိန်း တစ်သောင်း) တိတိအား
နေပြည်တော် ၊ဇန်န၀ါရီ ၉ အနာဂတ်တွင်တိုင်းပြည်၏အခန်းကဏ္ဍအားလုံး၌လူငယ်များ၏ဦးဆောင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးအတွက်လိုအပ်သောအရည်အသွေးပြည့်မီ သည့် ပညာသင်ယူရေး အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနားကို (၅.၁.၂၀၁၈)ရက်နေ့၊နံနက်( ၉း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က(၈.၁.၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊မန္တလေးပြန်လည်ထူထောင်ရေးစခန်းတွင်(၈.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီ၌စခန်းအခြေပြုမူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာမန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ဝင်းနှင့် ဌာနငယ်/သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်း(ဗဟို)မှတာဝန်ရှိသူများတက်ရောက်ကြပြီး
မန္တလေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊လူငယ်သင်တန်းကျောင်း၊မန္တလေးမြို့၏နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲကို(၄.၁.၂၀၁၈) ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဦးစီးမှူးးညွှန်ကြားရေးမှူးးဦးကျော်ဝင်းနှင့်ဌာနငယ် သင်တန်းကျောင်းများများမှတာဝန်ခံအရာရှိများနှင့်ကျောင်းအုပ်များတက်ရောက်အားပေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ ၂၀၁၈၊ဇန်နဝါရီ ၈ (၆.၁.၂၀၁၈)ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊အမှတ်(၆)၊အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ရန်ကုန်မြို့မှကျောင်းသား/ကျောင်းသူကလေးများမှကဗျာရွတ်ဆို စွမ်းရည်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်