နေပြည်တော်၊ ၁၇-၉-၂၀၁၇ ရက်နေ့ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူအားလုံးအတွက် လန်ဒန်အခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် MA-UK (Myanmar ) အဖွဲ့က ငွေကျပ် (၇၉၀၅၀ဝ၀ဝ) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်ရည်ထုပ်နှင့် (၂)ယောက်အိပ်ခြင်ထောင်များကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းပါသည်။
၁၅.၉.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၉-၂၀၁၇)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi Higuchiအားလည်းကောင်း၊ (၁၅-၉-၂၀၁၇) ရက်နေ့ တွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အားလည်းကောင်း အဆိုပါ ၀န်ကြီး ရုံး၊ မေခလာခန်းမတွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံသံအမတ်ကြီးက ရခိုင်ပြည်နယ် ဆင်းရဲမှုလျော့နည်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီများ၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို နှစ်နိုင်ငံချင်း တိုက်ရိုက်လှူဒါန်းခဲ့သလို
နေပြည်တော်၊စက်တင်ဘာ ၁၅ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အလှူငွေပေးအပ်လှူဒါန်း ပွဲကို (၁၄.၉.၂၀၁၇)ရက်နေ့၊ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး၊စက်တင်ဘာ၁၅ လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍အသက်(၉၀)နှစ်နှင့်အထက်ဘိုးဘွားများအားအမျိုးသားလူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားအား(၁၅.၉.၂၀၁၇)ရက်နေ့တွင်ပုသိမ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီးဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
မွန်ပြည်နယ်၊စက်တင်ဘာ ၁၅ မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၂/၂၀၁၇အစည်းအဝေးကိုလူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်မြို့အိမ်တွင်းမှုကျောင်း အစည်းအဝေးခန်းမ၌(၁၄.၉.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စက်တင်ဘာ ၁၅ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်အတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြုစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို(၁၄.၉.၂၀၁၇)ရက်နေ့တွင်မြောင်းမြခရိုင်လူမှုဝန်ထမ်းရုံး၌ကျင်းပပြုလုပ်ခဲ့ပြီးခရိုင်ဦးစီးမှူးမှထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
နေပြည်တော် ၊ စက်တင်ဘာ ၁၅ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ပထမအကြိမ်အစည်းအဝေးကို(၁၄.၉.၂၀၁၇) ရက်နေ့၊မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၄ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိတာချီလိတ်မူလတန်းကြိုကျောင်းသို့မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဒုဥက္ကဌဦးစစ်မြိုင်သည်(၁၄.၉.၂၀၁၇)ရက်နေ့၌တာချီလိတ်မူလတန်းကြိုကျောင်းသို့သွားရောက်ကြည့်ရှုခဲ့ရာ

ရန်ကုန်တိုင်းဒေသကြီး၊စက်တင်ဘာ၁၄

လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းအမှတ်(၅)၊ရန်ကုန်မြို့တွင်(၁၃.၉.၂၀၁၇)ရက်နေ့၌မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးအဆိုပါအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီး ဦးစီးမှူးတက်ရောက်ချီးမြှင့်ခဲ့ပါသည်။


 

ကချင်ပြည်နယ်၊စက်တင်ဘာ ၁၄ ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ကက်သလစ်ဘုရားကျောင်း(RC)တိုက်ပွဲရှောင်ယာယီစခန်း(IDPcamp)တွင်(၁၄.၉.၂၀၁၇)ရက်နေ့ ၌နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့်ယက္ကန်းစင်၊ရဟပ်နှင့်ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ပြီး