မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၇၊စက်တင်ဘာ ၁၉ရက် လူမှုဝန်ထမ်းဦးစီးဌာန၊မန္တလေးမြို့၊နားမကြားသောကလေးများကျောင်း၏(၃၆)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကို(၁၉.၉.၂ဝ၁၇)ရက်နေ့တွင် ယင်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်း ရုံး၊ တိုင်းဒေသကြီး ဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားပြီး၊ နားမကြားသောကလေးများကျောင်း ကျောင်းအုပ်၊ မှ ကျောင်း၏လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး ကလေးငယ်များ ကတေးသရုပ်ဖော်အက(၃)မျိုးဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၁၉ ရက်. လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် မောင်တောဒေသ နှင့်ရသေ့တောင်မြို့နယ်တို့မှARSA အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့ပေါ်ရှိ အဓိဌာန်ဘုန်းတော်ကြီးကျောင်း ၊ ငါးစရိုင်းချောင်းဘုန်းတော်ကြီးကျောင်း ၊ လမ်းမတော်မြောက်ဘုန်းတော်ကြီးကျောင်း ၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း ၊ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ၊ ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း ၊ ရေပိုက်ဆုံဘုန်းတော်ကြီးကျောင်း ၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ၊ ဟိန္ဒူဘုရားကျောင်း (ကျောင်းကြီးလမ်း) ၊ မရမ္မာကြီးဘုန်းတော်ကြီးကျောင်းများသို့နေရပ်စွန့်ခွာ၍ခေတ္တခိုလှုံရောက်ရှိလာသောတိုင်းရင်းသားလူနည်းစုများအား (၁၅.၉.၂၀၁၆) ရက်နေ့နှင့် (၁၆.၉.၂၀၁၇) ရက်နေ့တို့တွင် ဘုန်းတော်ကြီးကျောင်း (၁၁)ကျောင်းသို့ သွားရောက်၍ မသန်စွမ်းသူ (၁၇) ဦး ၊ ကိုယ်ဝန်ဆောင်မိခင် (၂၀) ဦး ၊ အသက်(၆၀) နှင့်အထက် ဘိုးဘွား (၁၃၂) ဦး ၊ ကျန်းမာရေးချို့တဲ့သော အသက်(၁၈) နှစ်အောက် (၈) ဦး ၊ အသက် (၂)နှစ်အောက် ကလေး (၁၀၇)ဦးတို့အား ထောက်ပံ့ငွေကျေပ် စုစုပေါင်း (၅၈၉၀၀၀၀ိ/-) သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး
ကချင်ပြည်နယ်၊၂၀၁၇၊စက်တင်ဘာ ၁၉ ရက် ကချင်​ပြည်​နယ်​မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေတတ်​​သော​ဆေးဝါးများအန္တရာယ်​တားဆီးကာကွယ်​​ရေးအဖွဲ့၏ဦး​ဆောင်​မှုဖြင့်​ကချင်ပြည်​နယ်​လူမှုဝန်ထမ်းရုံးနှင့်​မူးယစ်​​ဆေးစွဲ​ရောဂါသု​တေတနအသင်းSARAတို့ပူး​ပေါင်းဖွင့်​လှစ်သည့်​လူငယ်ထုအားဘဝရှင်သန်​​နေနိုင်တတ်​​ရေးနည်းပြဆရာ သင်တန်းဖွင့်​ပွဲအခမ်းအနားကိုမြစ်ကြီးနားမြို့၊ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင်(၁၉.၉.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၁၉ရက် လူမှုဝန်ထမ်းဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍စစ်ကိုင်းတိုင်းဒေသကြီးအတွင်းစစ်ကိုင်း၊မုံရွာ၊ရွှေဘိုမြို့နယ်များရှိကျေးရွာများ သို့သွားရောက်၍အဆိုပါကျေးရွာများရှိအမျိုးသမီးများအားပန်းအလှပြင်သင်တန်းကို(၁၈.၉.၂ဝ၁၇)ရက်နေ့မှ(၂၂.၉.၂ဝ၁၇)ရက်နေ့အထိ(
မကွေးတိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၁၉ ရက် လူမှုဝန်ထမ်းဦးစီးဌာနမှစေတနာ့ဝန်ထမ်းအဖွဲ့အစည်များဖြစ်သောလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၁၀)ခု၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆၀)ကျောင်း ၊ ဘိုးဘွားရိပ်သာ(၆)ခု ၊ မျက်မမြင်ကျောင်း(၁) ကျောင်း ၊ စေတနာ့မူလတန်းညကျောင်း(၁)ကျောင်းတို့အတွက်၂၀၁၇-၂၀၁၈ခု ၊ ဘဏ္ဍာရေးနှစ်အတွက်ထောက်ပံ့ကြေးများပေးအပ်ပွဲအခမ်းအနားကို(၁၉.၈.၂၀၁၇)ရက်နေ့၊နံနက်(၈:၃၀)နာရီတွင်မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇စက်တင်ဘာ ၁၉ ရက် (၁၅.၉.၂ဝ၁၇)ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမြို့နယ်များသို့ဒုတိယအကြိမ်(ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ)လအတွက်အသက် (၉ဝ)နှစ်နှင့်အထက်ဘိုး/ဘွားများအားလူမှုရေးပင်စင်ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး၂၀၁၇၊၊စက်တင်ဘာ ၁၉ရက် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိမူလတန်းကြိုကျောင်းများမှဝန်ထမ်းများသည်စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ဆားလင်းကြီး၊ ကလေးမြို့နယ်များရှိကျေးရွာ(၅)ရွာစီသို့ကလေးဖွံ့ဖြိုးမှု(၅)ရပ်၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်သက်ငယ်မုဒိမ်းကင်းစင်ရေး အသိပညာပေးဟောပြောပွဲများကို
မွန်ပြည်နယ်၊ ၁၈.၉.၂၀၁၇ မော်လမြိုင်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ၁၈-၉-၂၀၁၇ရက်နေ့၁၀း၀၀ နာရီတွင် မော်လမြိုင်အိမ်တွင်းမှုကျောင်းခမ်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီအာစီကော်မတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ UN, INGOs၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ၁၈.၉.၂၀၁၇ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ များအတွက် (၃)လစာ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် (၁၅.၉.၂၀၁၇)ရက်နေ့၌ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တစ်ဆင့် ပေးအပ်ခဲ့ပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသွားရောက် ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၁၈.၉.၁၇ (၁၈-၉-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ခင်မာအေး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာဥမ္မာအောင်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ကလေးပြုစုရေးဌာနမှ သူနာပြု ဆရာမကြီးနှင့် အထက်တန်းသူနာပြုတို့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထူးမတောင်ရှိ YGW အဝါရောင် မျိုးဆက်သစ်လူငယ်ပရဟိတအသင်းမှ ဖွင့်လှစ်ထားသော