ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရောက်ရေးလုပ်ငန်းများ ဆောင်ရွက်

 ဇွန်၊ ၁၆၊ ပုသိမ်

နေပြည်တော်၊ ၁၃-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ်(CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာစာချုပ်(CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်(ICESCR)စသည့် လူ့အခွင့်အရေးပင်မစာချုပ်ကြီး(၄)ခုကို မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ခဲ့သည့်ကိစ္စများ၊
နေပြည်တော်၊ ၁၂-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည့် ကိစ္စများ၊
နေပြည်တော်၊ ၈.၆.၂၀၁၉ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇွန်လ(၇)ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမသန်စွမ်းသူများ ထိပ်သီး ညီလာခံဒုတိယနေ့ အခမ်းအနားများဖြစ်သည့် မသန်စွမ်းသူများအပေါ် တန်းတူညီမျှမှုရှိရေးနှင့် ခွဲခြားမှုမရှိရေး၊ မသန်စွမ်းကလေးများနှင့် မသန်စွန်းအမျိုးသမီးများ၊ မသန်စွမ်းသူများခွဲခြားမှုမရှိဘဲ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းသူများအတွက် နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊ မသန်စွမ်းသူများ အတွက် တရားမျှတမှုလက်လှမ်းမီရေးစသည့် မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၁၁-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံစီးပွားရေးလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ၀န်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာ ရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceresနှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ပြည်သူများလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိရေး အတွက်
နေပြည်တော်၊ ၁၁-၆-၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့
နေပြည်တော်၊ ၁၁-၆-၂၀၁၉ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏(၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၈.၆.၂၀၁၉ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင် ကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားရာတွင် ဆောက်လုပ်လှူဒါန်းမှုအား အရည်အသွေး စံချိန်စံညွှန်းမီစွာဖြင့် ငလျင်ဒဏ်ခံနိုင်သော ခေတ်မီအဆောက်အဦဖြစ်လာရန် ဝိုင်းဝန်း ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေး စစ်ဆေးမှုကို အဖွဲ့များဖြင့် မပြတ်ကြီးကြပ်ရန် အပြင် နမူနာများကို ဓါတ်ခွဲခန်းသို့ပို့၍လည်းစစ်ဆေးရန်လိုပါကြောင်း စံချိန်စံညွှန်းကိုက်ညီဖို့ မြေပြင်၌ ကြီးကြပ် နေသော တာဝန်ခံအင်ဂျင်နီယာသည် အချိန်ပြည့်ကြီးကြပ်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။