အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) - NSPAW

စတုတ္ထအကြိမ်  ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း ၁၉၉၅)ကို တက်ရောက်ပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်‌ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် CEDAW၊ ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများသို့ Help Line ဝန်ဆောင်မှုပေးခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ငယ်မုဒိမ်းမှုအပါအဝင် Gender Based Violence Case (GBV Case) များနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရေး Help Line တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၂၂ နှင့် ၀၆၇-၃၄၀၄၉၉၉ ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တည်ထောင်ထား ရှိပါသည်။ အဆိုပါ Help Line သို့ ကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူ ပြည်သူများမှလည်းကောင်း ယုံကြည်စိတ်ချစွာတိုင်ကြားနိုင်ပြီး တိုင်ကြားသူများ၏သတင်း အချက်အလက်မပေါက်ကြားရေးကို အထူးအလေးထားကာကွယ်ပေးကာ တိုင်ကြားမှု များအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်သူများသို့ Hotline ဝန်ဆောင်မှုပေးခြင်း

COVID-19 ၏အကျိုးဆက်များအဖြစ် ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်း ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း စသည့် စိတ်ခံစားမှုများအား စိတ်ဖိစီးမှု လျော့ကျစေရန် နှင့်စိတ်ပိုင်းဆိုင်ရာမြင့်တက်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ် များတွင် ယာယီ Hot Line များထားရှိ၍ ပြည်သူများအား စိတ်ဓါတ်ရေးရာမြှင့်တင် ပေးခြင်းကို တယ်လီဖုန်းဖြင့်ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Centre - OSWSC) ဝန်ဆောင်မှုပေးခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ငယ်မုဒိမ်းမှုအပါအဝင် Gender Based Violence Case (GBV Case) များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရာတွင် ဖြစ်စဉ်အခြေအနေအရ Survivor အား သီးခြားလုံခြုံမှုပေးရန် လိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားရှိသော “အကြမ်းဖက်ခံရသူ အမျိုးသမီးများအား တစ်နေရာတည်းတွင်ဝန်ဆောင်မှုပေးသည့် စင်တာ” (One Stop Women Support Center-OSWSC) များတွင် လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင် OSWSC အသစ်ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ

၁။    ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်ရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအ‌ပေါ်အခြေခံ၍ လုံလောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်တွင် လူငယ်ရေးရာမူဝါဒရေးဆွဲ အကောင်အထည်ဖော်ရေးစီမံချက်ကို ထည့်သွင်း ရေးဆွဲခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ လူဦး

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု   ဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးနှင့်လူငယ်များအတွက် အောက်ပါလူငယ်သင်တန်းကျောင်း(၁၁)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ ဘမဲ့၊ မိဘမဲ့၊ ခိုကိုးရာမဲ့ကလေးသူငယ်များ၊ လေလွင့်ကလေးသူငယ်များ၊ လမ်းပေါ်နေကလေးသူငယ်များ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တပြုပြင်ရန် ပို့အပ်လာသော ကလေး သူငယ်များ၊ ကလေးသူငယ်တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးသူငယ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၅၇ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများအား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့်စာရိတ္တပိ

သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း

ရိပ်သာအခြေပြုစောင့်ရှောက်ခြင်း     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းကြီး(၇)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအားလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ် သာများအား အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များ၌ အသိအမှတ်ပြုပြီး ရိပ်သာ(၈၅)ခုဖြစ်ပြီး အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် နည်းပညာပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ

တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးများအား တစ်နှစ်လျှင်(၂)ကြိမ်စီကျင်းပခြင်း၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲ၊ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်၊ လူမှုရေးအသင်းအဖွဲ့များ၊ INGOs, NGOs များအား ဥပဒေအသိပညာပေးဟောပြောပွဲ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အခမ်းအနားများအား တစ်နှစ် လျှင် (၁)ကြိမ်စီ ကျင်းပဆောင်ရွက်လျက် ရှိပါသည်။ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပ

လူမှုဝန်ထမ်းဦးစီးဌာန၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ

မိတ်ဆက်      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များတွင် အ‌ခြေခံရင်းနှီးမြုပ်နှံမှု တိုးချဲ့ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာချဉ်းကပ်မှုအား လက်ခံကျင့်သုံးသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (NSPSP)ကို အတည်ပြုခဲ့ပါသည်။ NSPSPသည် နိုင်ငံသားများအတွက် ဘ၀သက်တမ်း တစ်လျှောက်လုံးတွင် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် အခြေခံဝန်ဆောင်မှုများကို လိုအပ်သလို ရရှိစေရေးအတွက် အဓိကလုပ်ငန်းစဥ် (၈)ခုကို ချမှတ်ခဲ့ပါသည်။