အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၂၃.၄.၂၀၂၅) ရက်နေ့ တွင် ကျင်းပခဲ့သည့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC)၏ ၂၀၂၆-၂၀၃၀ လုပ်ငန်းအစီအစဉ် ACWC Work Plan(2026-2030)ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (၂၄.၄.၂၀၂၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲများသို့ အာဆီယံ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံအမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒေါက်တာသက်သက်ဇင်နှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။