လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ

၁။    ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်ရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအ‌ပေါ်အခြေခံ၍ လုံလောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်တွင် လူငယ်ရေးရာမူဝါဒရေးဆွဲ အကောင်အထည်ဖော်ရေးစီမံချက်ကို ထည့်သွင်း ရေးဆွဲခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ လူဦး

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု   ဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးနှင့်လူငယ်များအတွက် အောက်ပါလူငယ်သင်တန်းကျောင်း(၁၁)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ ဘမဲ့၊ မိဘမဲ့၊ ခိုကိုးရာမဲ့ကလေးသူငယ်များ၊ လေလွင့်ကလေးသူငယ်များ၊ လမ်းပေါ်နေကလေးသူငယ်များ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တပြုပြင်ရန် ပို့အပ်လာသော ကလေး သူငယ်များ၊ ကလေးသူငယ်တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးသူငယ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၅၇ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများအား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့်စာရိတ္တပိ

လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်း ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးနှင့်လူငယ်များအတွက် လူငယ်သင်တန်း ကျောင်း (၁၀)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ဘမဲ့၊မိဘမဲ့၊ခိုကိုးရာမဲ့ကလေးများ၊ လေလွင့် ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့် စာရိတ္တပြုပြင်ရန် ပို့အပ်လာသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ အား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများ သင်ကြားပေးခြင်းနှင့် သင်ကြားနိုင် ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိတွင် ကလေးသူငယ် (၁၅၉၀)ဦး ကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်။

အာဆီယံ-လူငယ်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ

    လူမှုဝန်ထမ်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရပ်များတွင် အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်းမှာ ဗဟိုချက်လုပ်ငန်း တစ်ခုအဖြစ် ပါဝင်ပါသည်။ အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်း၏ အဓိက ရည်မှန်းချက်များမှာ အာဆီယံ-လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ အာဆီယံ-လူငယ်များ၏ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မားစေရန်  အာဆီယံ လူငယ်ထုအတွင်း  မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ချစ်မြတ်နိုး တတ်စေရန်နှင့် အာဆီယံလူငယ်များ အချင်းချင်းလူငယ်ဆိုင်ရာ မူဝါဒရေးရာများကို ဆွေးနွေးဖလှယ်နိုင်စေရန် ဖြစ်ပါသည်။
    အာဆီယံနိုင်ငံများမှ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ ထောင်စုနှစ် ရည်မှန်းချက်များအား လူငယ်ထု၏ စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လူငယ်ဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဒေသတွင်း နိုင်ငံများ၌ ပုံမှန်ကျင်းပလျက် ရှိပါသည်။ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို  အိမ်ရှင်နိုင်ငံအဖြစ် (၂)နှစ်တစ်ကြိမ် အလှည့်ကျ လက်ခံကျင်းပ လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပုံမှန်တက်ရောက် လျက်ရှိပါသည်။

လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

     လူငယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟူ၍ နှစ်ပိုင်းခွဲခြားဆောင် ရွက်လျက်ရှိပါသည်။ ကြိုတင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် လူငယ်များ လေလွင့်မှုကို ကာကွယ်ရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် အတွက် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် လူငယ့်ရိပ်သာ(၇၀)ခုကို ဖွင့်လှစ်၍ လူငယ်ပေါင်း (၇၅၈၉)ကို ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။