မန္တလေးငလျင်၏ သက်ရောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ခံစားရသော ဒေသများရှိ ပြည်သူလူထုအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှု ဆိုင်ရာပံ့ပိုးပေးခြင်းဆောင်ရွက်မည့် (Psycho-Social Support Team) ၂ဖွဲ့သည် ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု ၂၁၁ စုရှိသည့် “နှစ်(၇၀၀) အားကစား ငလျင်ဒဏ်သင့်ပြည်သူ များအား ကယ်ဆယ်ရေးစခန်း” တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။