အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပခြင်း

      ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၂)ကြိမ်မြောက်ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် နှင့်  (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့၏  ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့တွင် ဆုံးဖြတ် ချက် အမှတ် ၁၉၉၇/၁၈ဖြင့် “International Year of Older Persons: towards a society for all ages” “သက်ရွယ်စုံညီလူ့ဘောင်ဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် ၁၉၉၉ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်နှင့် နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို နိုင်ငံတော်အဆင့် အခမ်း အနားတစ်ခုအဖြစ် သတ်မှတ်ကာ ၁၉၉၉ခုနှစ်မှစ၍ နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ရာ (၂၁)ကြိမ်မြောက် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ သက်ကြီးရွယ်အိုများအား တက်ရောက်စေပြီး အလှူငွေ၊ ဆေးပစ္စည်းနှင့် အသုံးအဆောင် ပစ္စည်းများ ချီးမြှင့်ခြင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုး(၁)နှင့် အဘွား(၁)တို့အား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ Online အခမ်းအနား ကျင်းပမှု

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ Online အခမ်းအနား ကျင်းပမှု