ကလေးပြုစုရေးဌာနများဖွင့်လှစ်ဆောင်ရွက်ခြင်း

ရည်ရွယ်ချက်
၁။    ကလေးပြုစုရေးဌာနများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
        (က)    အကြောင်းအမျိုးမျိုး‌ကြာင့် လူမှုရေးချို့တဲ့နေသည့် ကလေးများနှင့် စောင့် ရှောက်သူမဲ့ ကလေးများအား မွေးစမှ (၁၀)နှစ်ပြည့်
                ပြီးသည်အထိ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မူလတန်းပညာ ပြီးမြောက်အောင်မြင်သည်အထိ ပြုစု စောင့်ရှောက်ပေးရန်၊ 
         ( ခ)    ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်နှင့်အညီ ပြုစုစောင့်ရှောက်ပေးရန်၊ 
         ( ဂ) စောင့်ရှောက်ထားသည့် ကလေးများအနက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းသော ကလေးများကို အသက်
                (၁၀)နှစ် ပြည့်ပြီးသည်အထိ ဆက်လက်ပြုစု စောင့်ရှောက်၍ သက်ဆိုင်ရာ ကျောင်းများသို့ လွှဲပြောင်း ပို့အပ်ရန်၊ 

         (ဃ) စောင့်ရှောက်ထားသော ကလေးများ ပုံမှန်မိသားစုအတွင်း ကြီးပြင်းလာပြီး ကလေးသူငယ်ဥပဒေနှင့်အညီ သင့်လျော်သော မိဘ
                များအား  မွေးစားခွင့်ပေး ရန် နှင့် အခြေခံပညာ မူလတန်းကို အသက် (၅)နှစ်မှစတင်၍ မူလတန်းပညာ ပြီးမြောက်သည်အထိ
                သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် 

၂။    ကလေးပြုစုရေးဌာနများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် ဖွင့်လှစ်၍ ကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် မွေးစမှ အသက် (၁၀)နှစ်အထိ ကလေး (၃၅၀) ကျော်ကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်။

၃။  တည်နေရာ

စဉ်

ကလေးပြုစုရေး ဌာနများ

တည်ထောင်ခဲ့သည့် ခုနှစ်

တည်နေရာများ

၁။

ရွှေဂုံတိုင်

၉.၅.၁၉၅၂

အမှတ် ၂၄၇/၂၆၉(ခ)၊ အလယ်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂။

မန္တလေး

၂၀.၉.၁၉၇၁

လမ်း (၃၀)၊ ၆၃x ၆၄လမ်းကြား၊ချမ်းအေးသာဇံ မြို့နယ်၊ မန္တလေးမြို့၊

၃။

မကွေး

၂၂.၃.၁၉၈၂

ပြည်တော်သာလမ်းနှင့် စွယ်တော် လမ်းဒေါင့်၊ မြင်သာရပ်၊ မကွေးမြို့။

၄။

မော်လမြိုင်

၁၅.၃.၁၉၈၉

အရာတော်လမ်း၊ မောင်ငံရပ်၊မော်လမြိုင်မြို့။

၅။

ကျိုင်းတုံ

၁.၁.၁၉၇၈

အမှတ် (၁)ရပ်ကွက်၊ ယန်းခမ်းအခါအထက်ကျေးရွာ၊ကျိုင်းတုံမြို့။

၆။

ပုသိမ်

၁.၆.၂၀၁၄

ဥမ္မာဒန္ဓီပန်းဆက်လမ်း၊(၁၄) ရပ်ကွက်၊ ပုသိမ်မြို့။

၇။

စစ်တွေ

၁.၆.၂၀၁၄

မကျည်းမြိုင်ရပ်ကွက်၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ဝင်းအတွင်း၊ စစ်တွေမြို့။

 

၄။    ကလေးပြုစုရေးဌာနများတွင် ဆေးရုံ (သို့မဟုတ်) ရပ်ရွာအတွင်း စွန့်ပစ်ခဲ့သည့် ကလေး ငယ်များ၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသော မိဘများ နှင့် အိမ်ထောင်ရေးပြိုကွဲသော မိသားစုများမှ ကလေးများ၊ မိခင် (သို့မဟုတ်) ဖခင်တစ်ဦး ဦးကသေဆုံး၍ သော်လည်းကောင်း၊ ကျန်းမာရေး ချို့တဲ့၍ သော်လည်းကောင်း စောင့်ရှောက် သူမဲ့သော ကလေးများ၊ မိခင် (သို့မဟုတ်) ဖခင်တစ်ဦးဦးမှ တရားဥပဒေအရ ပြစ်ဒဏ်ကျခံ နေ၍ အကျဉ်းဦးစီးဌာနမှ လွှဲပြောင်းပို့အပ်လာသော ကလေးများ၊ အခြားလူမှုရေး ပြဿနာ များကြောင့် စောင့်ရှောက်မှု လိုအပ်သော ကလေးများကို  လက်ခံစောင့်ရှောက်ပေးလျက် ရှိပါ သည်။

၅။    ကလေးပြုစုရေးဌာနများမှ ကလေးငယ်များကို ဦးစီးဌာန၏ ဘတ်ဂျက် ရန်ပုံငွေမှ တစ်နေ့လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ကလေးငယ်များကို မနက်စာ၊ နေ့လည်စာ၊ ညနေစာနှင့် ဖြည့်စွက်စာ  (၃) ကြိမ်စုစုပေါင်း (၆)ကြိမ်ဖြင့် အာဟာရအုပ်စုအလိုက်ကျွေးမွေးခြင်း၊ ကလေး ငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ရှေးဦးအရွယ် ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများဖြင့် လေ့ကျင့်ပျိုးထောင် ပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများကို ပြုစုရေးဌာနများတွင် တွဲဖက် ထား၍ သော်လည်းကောင်း၊ ဌာနဆိုင်ရာ ဆရာဝန်များမှ လာရောက်ကြည့်ရှုပေး၍ သော် လည်းကောင်း ကျန်းမားရေး စောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရန် ရည်ရွယ်၍ မြို့တွင်း/မြို့ပြင်ဘုရားဖူး ပို့ဆောင်ပေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်း နှင့် လေ့လာရေးခရီး ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။
၆။    ကလေးပြုစုရေးဌာနများရှိ ကလေးငယ်များကို အခြားကလေးများနည်းတူ မိသား စုများနှင့်အတူ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝရရှိ၍ ပျော်ရွှင်စွာ ကြီးပြင်း လာနိုင်စေရန်အတွက် သင့်တော်သည့် မိဘများထံသို့ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ သက်မှတ်ချက်များနှင့်အညီ ကလေးမွေးစားပေးလျက်ရှိပါသည်။