အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနများ

အမျိုးသမီးများဖွံံံ့ဖြိုးတိုးတက်ရေးဌာန (၂)ရှိပါသည်။

တည်နေရာ

ရန်ကုန် WDC    
-အမှတ်(၁၁၃) ၊သံလွင်လမ်း၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

 ဖုန်းနံပါတ်   ၀၁-၅၃၅၀၃၆

မန္တလေး WDC    
-၆၄ လမ်း၊ ၃၀ x ၃၁ လမ်းကြာ၊ချမ်းအေးသာဇံမြို့နယ်၊

 မန္တလေးမြို့၊ ဖုန်းနံပါတ်  ၀၂ - ၄၀၃၃၂၂၅

 

Women 1

 

ရည်ရွယ်ချက်
အသက်(၁၈)နှစ် ပြည့်ပြီးသော အမျိုးသမီးများအား လက်ခံစောင့်ရှောက်ရန်၊
ရပ်ရွာလူထုအတွင်းရှိ လူမှုရေးအခက်အခဲကြုံတွေ့နေသည့် အမျိုးသမီးများအား လက်ခံ စောင့်ရှောက်ရန်၊ 
တက္ကသိုလ်တက်ခွင့်ရရှိသူများကို တက္ကသိုလ်ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်၊
အသက်မွေး၀မ်းကျောင်းပညာရေး စနစ်တကျ တတ်မြောက်စေရန်နှင့် ကုန်ထုတ်လုပ်ငန်း များတွင် ပါ၀င်ဆောင်ရွက်လာနိုင်စေရန်၊
အလုပ်အကိုင်နေရာချထားပေးရန်နှင့် ၀င်ငွေရလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဘ၀ ရည်မှန်းချက်များ ထားရှိလာစေရန်၊
အမျိုးသမီးငယ်များအား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်၀င်ဆံ့နိုင်ရေးနှင့် မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရေး ဆောင်ရွက်ရန်၊
မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံကိုချစ်မြတ်နိုးသော နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုသည့် နိုင်ငံ့သမီးကောင်းများ ပေါ်ပေါက်လာစေရန်။
လက်ခံသည့်အမျိုးအစား

 အသက်(၁၈)နှစ် နှင့်အထက် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများ
အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ (၁၈)နှစ်ပြည့်ပြီး လွှဲပို့သောသူများ
လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများ

စားဝတ်နေရေးဖြည့်ဆည်းပေးခြင်း
ကျန်းမာရေးစောင့်ရှောက်ပေးခြင်း
အတန်းပညာသင်ကြားပေးခြင်း 
အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း
ပြင်ပအလုပ်အကိုင်ရှာဖွေပေးခြင်း
ပြင်ပတွင်နေထိုင်နိုင်ရန် စီစဉ်ပေးခြင်း
လူ့အသိုင်းအဝိုင်းတွင်နေထိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးခြင်း 

 

Women 2

 

 

Women 3