အမျိုးသမီးကျောင်းများဌာနစု(၂)

    အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (၂)ခုရှိပါသည်။


တည်နေရာ
    ရန်ကုန်(တွံတေး)နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။

 

 Women 5  

 

လုပ်ငန်းဆောင်ရွက်မှု
    လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ပါသည်။


လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု
    (၁)    လူမှုရေးနှစ်သိမ့်ပညာပေးဆွေးနွေးခြင်း၊
    (၂)    အသုံးလုံး ပညာသင်ကြားပေးခြင်း၊
    (၃)    အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊
    (၄)    မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးခြင်း၊


လူမှုရေးနှစ်သိမ့်ပညာပေးဆွေးနွေးခြင်း
    (၁)    အဆောင်မှူးများမှ နေ့စဉ်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ 
    (၂)    တစ်ဦးချင်း/ အုပ်စုလိုက်နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊
    (၃)    လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း၊


အသုံးလုံးပညာသင်ကြားပေးခြင်း
    စာမတတ်သူများကို အခြေခံအသုံးလုံး အရေး၊ အဖတ် သင်ကြားပေးခြင်း၊

 

       Women 6

 

အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း
    အောက်ပါ အသက်မွေးဝမ်းကျောင်း ပညာများသင်ကြား ပေးပါသည်-
    (က)   စက်ချုပ်
    (ခ)    ပန်းထိုး
    (ဂ)    ဇာထိုး
    (ဃ)   ကြိုးကျစ်
    (င)    တက်တင်း

မိသားစုနှင့် ဆက်စပ်ပေါင်းစည်းပေးခြင်း
    (က)    လွတ်ရက်စေ့ သင်တန်းသူများအား လွတ်ရက်မစေ့မီ (၃)လအလိုတွင် မိဘ/ အုပ်ထိန်းသူ မိသားစုထံစာဖြင့် အကြောင်းကြားခြင်း၊ ဖုန်းဖြင့် ဆက်သွယ်စုံစမ်း ပေးခြင်း၊
    (ခ)    မိဘ/ အုပ်ထိန်းသူ မိသားစုမှ လာရောက်တွေ့ဆုံမှုရှိပါက သင်တန်းသူအတွက် ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်ရန် တွေ့ဆုံမှုမရှိသူများအား မိဘရပ်ထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခြင်း၊

နောက်ဆက်တွဲ စောင့်ရှောက်မှုပေးခြင်း
    ကျန်းမာရေးနောက်ဆက်တွဲ စောင့်ရှောက်မှုကို သင်တန်းသူများအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးပါသည်။