လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးလုပ်ငန်း

ရည်မှန်းချက်

    မသန်စွမ်းသူများ လူ့အသိုင်းအဝိုင်း အတွင်း အပြည့်အ၀ ပါဝင်ခွင့် ရရှိခြင်းဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်များတွင် အထောက်အကူ ပြုသူများ ဖြစ်လာစေရန်။

ရည်ရွယ်ချက်

    ရည်ရွယ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

    (က)    မသန်စွမ်း သူများဆိုင်ရာ အခွင့်အရေးများကို အကာအကွယ် ပေးရန်၊

    ( ခ)    မသန်စွမ်း ဖြစ်မှုကို အကြောင်းပြု၍ ခွဲခြား ဆက်ဆံခြင်း လျော့နည်း ပပျောက်စေရန်၊

    ( ဂ)    မသန်စွမ်း သူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင် နိုင်မှုများကို အလေးထား အသိအမှတ် ပြုစေရန်၊

    (ဃ)   နိုင်ငံတာ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များတွင် တန်းတူညီမျှ အပြည့်အ၀ ပါဝင်နိုင်စေရန်၊

    ( င)    မသန်စွမ်း သူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် လာစေရန်၊