ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNOCHA(Myanmar) မှလာရောက်တွေ့ဆုံ

နေပြည်တော်    ၊ ၁.၁၁.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNOCHA(Myanmar)မှ Head of Office ဖြစ်သူ Mr. Mark Cutts က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ တွင် လာရောက် တွေ့ဆုံနှုတ်ဆက်ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNOCHAတို့၏ပူးပေါင်းဆောင်ရွက်နေသော ကိစ္စရပ် များ၊ Letter of agreement သက်တမ်းတိုးရန်ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ၏ Humanitarian Response Planနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် UNOCHAအဖွဲ့တို့ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရေးတို့ကိုဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter