မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ်

ရန်ကုန်၊ ၁၂.၁၁.၂၀၁၈

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးခန်း၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ အမြင်အာရုံ ချို့ယွင်းသူများ အား ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့ အထိ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ဧရာဝတီမြစ်ကြောင်းတစ်လျှေက် စုန်ဆင်းမည့် မြန်မာ နိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့ကို ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter