(၂၉)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၁၅.၁၁.၂၀၁၈

            (၁၀-၁၁-၂၀၁၈) ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ (၂၉)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြို လှုပ်ရှားမှု စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ရာ တိုင်း​ဒေသကြီးအတွင်း (၂၆)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူ ကျောင်းသားကျောင်းသူများ (၂၉၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။

            ပြိုင်ပွဲတွင်ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးဦးတင်ဇော်မိုး မှ ပြိုင်ပွဲဝင်ကလေးများအား  ပဲနို့များပေးဝေခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသူ (၂၄)ဦးအား (၂၀-၁၁-၂၀၁၈)တွင်ကျင်းပပြုလုပ်မည့်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter