(၂၉)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊  ၂၀.၁၁.၂၀၁၈

၂၀၁၈ခုနှစ် ၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်သော (၂၉)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို မကွေးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကားပြောကြား ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ အစိုးရမူလတန်းကြိုကျောင်း ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း  ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၊အရပ်ဖက်အဖွဲ့အစည်းများမှ ရင်သွေးငယ်များ၏ အကများ၊ တေးသရုပ်ဖော်များ၊  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပညာပေးတစ်ခန်းရပ်ပြဇတ်များဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ရာ တက်ရောက်လာသော ကလေးငယ်များအား   အမှတ်တရလက်ဆောင်အရုပ်များ ၊ T-Shart များပြန်လည်ပေးအပ်ခဲ့ပါ သည်။ အခမ်းအနားတက်ရောက် လာသောကလေးများမှ  Photo Stand  တွင် CRC အသိပညာပေးကဒ်များဖြင့် ဓါတ်ပုံရိုက်ကူးခြင်း၊ ဆေးရောက်ခြယ်ကစားခြင်း ၊ CRC နှင့်ပတ်သက်သော ပဟေဠိ အမေးအဖြေများ ဝင်ရောက်ဖြေဆို၍ လက်ဆောင်များပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ ၊ INGOs,NGOs အဖွဲ့အစည်းများ၊ ကလေးငယ်များနှင့် မိဘများ ၊ ပရဟိတဂေဟာမှ ကလေးငယ်များ ၊ ရပ်ရွာအတွင်းမှ ကလေးငယ်များဖြင့် စုစုပေါင်းအင်အား (၈၀ဝ)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter