လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များဆွေးနွေး

နိုဝင်ဘာ ၂၃၊ နေပြည်တော်
    ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ စီမံချက်များကို အကောင်အထည်ဖေါ်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးတို့၏ လုပ်ပိုင်ခွင့်များသတ်မှတ်ရေး၊ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ရေး၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပြည်သူများနားလည်သဘောပေါက်လာစေရန် ရှင်းလင်းဆောင်ရွက်မည့် အစီ အစဉ်များကို အချိန်အပိုင်းအခြားနှင့်တကွရေးဆွဲထားရှိရေး စသည်တို့အတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့ပါသည်။                                         
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပြည်နယ် နှင့်တိုင်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသူများသည် ပြည်သူလူထုနှင့် အစဉ် ထိတွေ့မှု ရှိပြီး ပြည်သူ့လိုအပ်ချက်များကိုသိရှိရန် ကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်နိုင်ရုံမျှဖြင့် တာဝန်ကျေပြီဟု မယူဆစေလိုကြောင်း၊ ပြည်သူတို့၏ လက်တွေ့ခံစားချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အချိန်မရွေးပြန်လည်တင်ပြ၍ ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန်တာဝန်ရှိကြောင်း၊ ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်မှုများ လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။     ထို့နောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးဦးစိုးအောင်က ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။

FacebookTwitter