အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲ

နေပြည်တော်၊ ၅.၁၂.၂၀၁၈

          နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဗဟိုတို့မှ ဦးဆောင်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှုလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆:၀၀)တွင် နေပြည်တော်၊ ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ် အမှတ်(၃)ဂိတ်အထိ ချီတက်လမ်းလျှောက် ခဲ့ပါသည်။

လမ်းလျှောက်ပွဲအခမ်းအနားသို့ နေပြည်တော်မှ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေး စောင်‌့ရေှာက်ရေးအသင်းများနှင့် အမျိုးသမီးအဖွဲ့များပူးပေါင်း၍ ဌာနဆိုင်ရာများမှ ဝန်ထမ်းအင်အား (၁၈၀)ဦးနှင့် မြို့နယ်များမှပြည်သူများ(၂၂၀)ဦး၊ စုစုပေါင်း (၄၀၀) ဦးခန့်ပူးပေါင်းပါ၀င်လမ်းလျှောက်ခဲ့‌ကြ‌ကြောင်းသတင်းရရှိပါသည်။

FacebookTwitter