အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှုအသိပညာပေး‌ဟောပြောပွဲ

နေပြည်တော်၊ ၆.၁၂.၂၀၁၈

          နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သုခစိုး Ballroom ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဗဟိုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီးကော်မတီတို့မှ ဦးဆောင်၍ ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ၊နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းများအပါအဝင် အမျိုးသမီးအဖွဲ့များ ပူးပေါင်း၍ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ်နည်းမျိုးစုံနှင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့ပါသည်။

၎င်းဟောပြောပွဲတွင် နေပြည်တော်ပြည်တောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်များမှ ပြည်သူများ(၄၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုကာကွယ် စောင့်ရှောက်ရေး၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမလိုလားအပ်သောကိုယ်ဝန်ရခြင်းမှ ကာကွယ်ရေးနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊  သက်ငယ်မုဒိမ်းမှုမှ ကာကွယ်ရေးနှင့် လူကုန်ကူးမှုကာကွယ်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ဆွေးနွေး မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။

FacebookTwitter