အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း
ရှမ်းပြည်နယ်၊ ၇.၁၂.၂၀၁၈
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၊ ဘုရာဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာ၌ကျင်းပခဲ့သည်။ ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာအောင်သန်းမောင်မှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်လူမှု၀န်ထမ်းရုံးမှ တာ၀န်ရှိသူများနှင့် Morning Star ဉာဏ်ရည်မသန်စွမ်း အသင်းအဖွဲ့၊ ဥက္ကဌ ဒေါ်သန်းနွယ်အောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာအားဖတ်ကြား တင်ပြခဲ့ပါသည်။
ရှေးဦးသူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာ ၊ Morning Star ဉာဏ်ရည်မသန်စွမ်းကျောင်း ၊ မသန်စွမ်းကလေးများ ၊ ကျောင်းသား/ကျောင်းသူများက ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများယှဉ်ပြိုင်ခြင်း ၊ ရှမ်းပြည်နယ်အခြေခံပညာကျောင်းမှ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများနှင့် သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှ ဘက်စုံထူချွန်မသန်စွမ်းကလေးများ အား ဗမာတိုင်းရင်းသားရေးရာ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်နှင့် တာ၀န်ရှိသူတို့က တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ကြသည်။ အခမ်းအနားတက်ရောက်လာသော မသန်စွမ်းကလေးများအား ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်နန်းရွှေမြင့်၊ ဥက္ကဌနှင့်အဖွဲ့၀င်များက အာဟာရပြည့် အစားအစာများကျွေးမွေး လှူဒါန်း သည်။ အခမ်းအနားတက်ရောက်သူဦးရေမှာ(၃၁၅)ဦးဖြစ်ကြောင်းသိရှိရပါသည်။